" အို့ ..အတူတူပဲမဟုတ်ဘူးလား...ကိုယ်က bio ညံ့တယ်လေ...ဒီအကြောင်းတွေကို မင်းလောက် ကိုယ်နားမလည်ဘူး...မင်း wowo လေးကို ဘယ်လိုမွေးလိုက်လဲဆိုတာလဲ ကိုယ်နားမလည်ဘူး ဒါပေမယ့် မင်းသာကိုယ့်နားရှိနေမယ်ဆိုရင် ကိုယ်သိလာနိုင်လိမ့်မယ်ထင်တယ်"
ရှုစစ်နျန်က ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာ စိုးရိမ်ကြောင့်ကြနေခဲ့သည်။ သူက ဒီလျို့ဝှက်ချက်ကို တစ်သက်လုံးဖုံးကွယ်ထားပြီး တွင်းထဲအထိတောင် သယ်သွားဖို့ဆုံးဖြတ်ထားခဲ့တာဖြစ်သည်။ ဒါပေမယ့် အခုတော့ တစ်ချိန်လုံးသူထိတ်လန့်ကြောက်လန့်နေခဲ့ရတဲ့ ဒီပြဿနာက ချွီချန်ကြောင့် ရုတ်တရက် ပြောင်းလဲသွားခဲ့ပေပြီ။ အဲ့တာက မနက်ဖြန်ကျရင် ဘာစားမလဲ ဆိုတာလောက်ကို ရိုးရှင်းနေခဲ့ပြီး အခုတော့ မသိရင် ဘာမျှမပြောပလောက်တဲ့သေးငယ်တဲ့ကိစ္စလိုပဲ။ သူက ဘာပြောရမှန်းမသိအောင် ကြောင်နေခဲ့ပြီး အခုအချိန် သူ့ခေါင်းက ဗလာဖြစ်လို့နေသည်။
ဒီလျို့ဝှက်ချက်ကို ထိန်းသိမ်းဖို့ သူ ဘယ်လောက်တောင် ကြိုးစားရုန်းကန်ခဲ့လိုက်ရသလဲ။ အခု သူကတော့ ဒီလောက်ရိုးရှင်းလွယ်ကူစွာပဲ ဖြေရှင်းပြီးခဲ့လေပြီ။ ဒါဆို သူ အစကတည်းက ကြိုးစားဖုံးကွယ်ခဲ့ရတဲ့ လျှို့ဝှက်ချက်ကရော?
ကလေးလေးကို အရမ်းချစ်တဲ့ ချွီချန်ရဲ့အကြောင်းကို တွေးမိတော့...သူ့ရဲ့ကိုယ်ပိုင်ကျပန်းအတွေးတွေကြောင့် ချွီချန်ကို ဒီလောက်နှစ်တွေအများကြီး wowo လေးနဲ့ ခွဲခွာအောင်လုပ်ခဲ့လေသည်။ ထိုသူ့ကို သူ့မှာတစ်သက်လုံး ကလေးရှိလိမ့်မယ်မဟုတ်ဘူးလို့တောင် တွေးစေခဲ့ပြီး wowo ကလည်း သူ့ကို ဘယ်တော့မှ အဖေလို့ ခေါ်မှာမဟုတ်ဘူးလို့ အတွေးဝင်စေခဲ့သည်။ ရုတ်တရက်ဆိုသလို ရှုစစ်နျန် အလွန့်အလွန်အပြစ်မကင်းစိတ်တို့ ဝင်လာခဲ့ရသည်။
" အမ်...မင်း ဒီအကြောင်း တကယ်သိချင်လား?"
ရှုစစ်နျန် သူ့ကို မေးလိုက်၏။
ချွီချန်က အချိန်ခဏကြာ မှင်တက်နေခဲ့ပြီး သူ့ကို နှစ်ပေါင်းများစွာ ဒုက္ခရောက်စေတဲ့လျှို့ဝှက်ချက်က နောက်ဆုံးတော့ ဖြေရှင်းပြီးတော့မယ်ဆိုတာကို တွေးမိတော့ သူ့မျက်လုံးတို့က ချက်ချင်းပဲ လင်းလက်တောက်ပလာခဲ့သည်။
YOU ARE READING
တန်ပြန် ( MM Translation) UNICODE
Romanceမျက်နှာ နှစ်ဖက်ရှိတဲ့ ခွေးမတစ်ကောင်နဲ့ အချစ်ပြိုင်ဘက်ဖြစ်ရတာက ကြောက်စရာ မကောင်းပါဘူး။ ကြောက်စရာကောင်းတာက အဲ့ခွေးမက သူ့ညီငယ်လေး အဖြစ် လူဝင်စား ဖြစ်နေတာပဲ ။ အဲ့ဒီ 'ညီငယ်လေး ' ဆိုသူကြောင့်ပဲ ချစ်သူကို ဆုံးရှုံးရတယ်။ အဖိုးကလည်း ကြောက်စရာ အသေဆိုးနဲ့ ကြုံ...