CHAPTER 64

1.9K 236 6
                                    

ရှုစစ်နျန်တစ်ယောက် ကျောက်ရုပ်ဖြစ်သွားရပြီး
" ခင်ဗျား ဘာလုပ်နေတာလဲ?"

" ကိုယ့်ကလေးလေးကို ချော့မြူနေတာလေ..မင်း မြင်ချင်လို့လား?"

ချွီချန်က ညစ်ကျယ်ကျယ်ပြောလာခဲ့၏။

" ....%$#....*&$....#@&..."

ရှုစစ်နျန်တစ်ယောက် သူ့မျက်လုံးကို အလွန်ခက်ထန်စွာ လိမ့်လိုက်ပြီး ဖုန်းကို ဘန်းခနဲမြည်သည်အထိ ချပစ်လိုက်လေသည်။

ဒီလူရမ်းကားကောင်ကတော့..!

ခဏကြာပြီးနောက်မှာတော့ ဖုန်းက ထပ်မြည်လာခဲ့၏။ ရှုစစ်နျန်က ထိုအကြောင်းကို တွေးလိုက်မိပြီး ဖုန်းကို ကိုင်လိုက်ကာ ချွိချန်ပါးစပ်ဖွင့်မလာခင် သူအရင် ဦးအောင်ပြောလေ၏။

" စကားမပြောနဲ့..ခင်ဗျားရဲ့အချစ်နဲ့ပတ်သက်ပြီး ကျွန်တော်ပြောမပြီးမ​ချင်း စောင့်နေ...ဘယ်သူကမှ ခင်ဗျားကို ဂရုစိုက်မနေဘူး!"

ချွီချန်က ခပ်ဟဟ ရယ်မောလေပြီး သက်တောင့်သက်သာအနေအထားကို ပြောင်းလဲသွားသလိုမျိုး သူ့လေသံက ပျင်းရိလေးသွဲ့နေလျက်..

" ကောင်းလိုက်တာ..မင်းအရင်ဆုံးပြောလိုက်တာပဲ...မင်းဘာပြောပြောပါ ကိုယ့်အတွက် ကိစ္စမရှိပါဘူး...အဓိကက မင်းအသံလေး ကြားနေရဖို့ပဲ"

"..."

ရှုစစ်နျန်တစ်ယောက် အသက်ပြင်း ရှူလျက်  ဖုန်းချမပစ်လိုက်မိဖို့ အချိန်အတော်ကြာ ထိန်းချုပ်လိုက်ရလေသည်။ ထို့နောက်မှာတော့ ကျည်ဆံကိုက်လျက် ပြောလေ၏။

"မနက်ဖြန် ခင်ဗျား...ခင်ဗျား အားလား?"

" မင်းက ကိုယ်နဲ့ date တော့မလို့လား?"

ချွီချန်ရဲ့အပြုံးက အလွန့်အလွန်ကို ဂုဏ်ယူဝံ့ကြွားစွာ ကျယ်ပြန့်လာခဲ့၏။ သူ့ရဲ့လေသံက ရှုစစ်နျန်ရဲ့နားထဲမှာ လေပူတစ်ချက်လို တိုက်ခတ်လို့နေလေသည်။

" ကျွန်တော် ခင်ဗျားကို ပြောစရာရှိတယ်...မနက်ဖြန် နေ့လည် ၃ နာရီ ဟောင်တင်းကလပ်မျက်နှာချင်းဆိုင်က အနောက်တိုင်းစားသောက်ဆိုင်မှာ တွေ့မယ်"

ရှုစစ်နျန်ရဲ့ နားရွက်တွေက သူသတိမမူလိုက်မိချိန်မှာပဲ အလွန်ပူလောင်နေတော့သည်။ ထို့နောက် သူက ချွီချန်ရဲ့သဘောတူညီမှုကိုတောင် မစောင့်တော့ဘဲ အံကြိတ်ကာ ဖုန်းချပစ်လိုက်၏။

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now