CHAPTER 91

1.5K 169 3
                                    

" ငါ နေ့တိုင်း တောင်အောက်ဆင်းပြီး ငရုတ်သီးတွေသွားရောင်းတာ သူစိမ်းတွေများ အများကြီးမြင်ပ..မောင်ရင်တို့ပြောတဲ့သူစိမ်းက ဘယ်တစ်ယောက်မှန်း ဒီအဖိုးကြီးသိမတဲ့တုန်း?"

" -ီး..အဓိပ္ပါယ်မရှိတာတွေပြောမနေနဲ့! အကိုကြီး အမာရွတ်က တစ်ယောက်ယောက်ကို ဖမ်းဖို့စောင့်နေရတာ..ခင်ဗျား အမှန်အတိုင်းမပြောရင် ငါတို့ကို အပြစ်မတင်နဲ့...ငါတို့ တခြားနေရာတွေကိုရှာခဲ့ပြီးပြီ..ခင်ဗျားတစ်ယောက်တည်းပဲ တွေ့တယ်...တစ်အိမ်လုံးကို နှံ့အောင်ရှာကြစမ်း!"

" တခြားဘယ်သူမှ မရှိပါဘူး...ဒီရွာက မင်းတို့ကို ဆက်​ကြေးပေးရတာပဲ...ဒီအဖိုးကြီးက မင်းတို့ကို မဖုံးကွယ်ထားရဲပါဘူးကွယ်...ဟေး! မင်းအဲ့လိုဝင်လို့မရဘူးလေ!"

ဘေးခန်းကနေ အဖိုးကြီးရဲ့အသံက ထွက်ပေါ်လာခဲ့သည်။ ရှုစစ်နျန်ရဲ့နှလုံးက လည်ချောင်းကနေ ခုန်ထွက်လာတော့မလိုပင်။ ချွီချန်ရဲ့မျက်နှာက ဖြူဖျော့နေပြီး သူက အခန်းထဲ အလျင်စလို တစ်ချက်စစ်ကြည့်လိုက်တော့ ထောင့်နားလေးမှာ ဗီဒိုကြီးကြီးတစ်လုံးကို တွေ့လိုက်ရ၏။

" ဒီကိုလာ စစ်နျန်"

သူက အားတင်းကာ မတ်တပ်ရပ်လိုက်ပြီး အံကြိတ်လျက် အိပ်ရာအခင်းတွေ စောင်တွေနဲ့ သူတို့ရဲ့အဝတ်အစားတွေကို ခေါက်သိမ်းလိုက်သည်။ အကြည့်တစ်ချက်နဲ့တင် သူဆိုလိုချင်တာကို ရှုစစ်နျန်သိသွားပြီး သူ့ကို တွဲကူကာ ဗီဒိုထဲသို့ ဆွဲသွင်းလိုက်ပြီး တံခါးကို ပိတ်လိုက်၏။ ထိုအချိန်မှာ ကွက်တိဆိုသလို အိမ်တံခါးက ရုတ်တရက် အပြင်ဘက်ကနေ ကန်ဖွင့်ခြင်းခံလိုက်ရသည်။

ဗီဒိုအတွင်းက ပိန်းပိတ်အောင်မှောင်မည်းနေပြီး အသက်ရှူဖို့ခက်ခဲလှ၏။ ချွီချန်က အသက်ရှူခက်ထန်နေပြီး အလွန်မူးဝေနေလေသည်။ ဒါပေမယ့် အသံတစ်စက်မှ မထွက်နိုင်အောင် သူ့ခဗျာ အံကြိတ်ထားရရှာသည်။ ရှုစစ်နျန်က သူ့ရင်ဘတ်ပေါ်ကို ခပ်တင်းတင်း ဖိနေရတဲ့အနေအထားကြောင့် သူ့ရှေ့ကလူရဲ့ ကိုယ်အပူချိန်ကို အတိုင်းသားခံစားလိုက်ရသည်။ ချွီချန်ကို ကြည့်လိုက်တော့ ပုခုံးတို့က  ထိန်းမချုပ်နိုင်စွာ တုန်ယင်နေတာကြောင့် ရှုစစ်နျန် လက်မောင်းတို့ကို ဆန့်ထုတ်ကာ ထိုသူ့ကို ခပ်တင်းတင်းပွေ့ဖက်လိုက်ရသည်။ လူနှစ်ယောက်က ပေါင်းစည်းထားတဲ့သတ္တဝါလိုပဲ ပိတ်လှောင်ခြင်းခံထားရလေသည်။ ဗီဒိုထဲမှာက စောင်ပါးပါးလေးတစ်ထည်နဲ့ပိုင်းခြားထားပြီး ဗီဒိုတံခါးရှေ့မှာက အမာရွတ်မျက်နှာရဲ့လူတစ်ယောက်ရှိနေခဲ့သည်။

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now