CHAPTER 46

2.1K 230 2
                                    

ချွီချန် မျက်ခုံးတို့ တွန့်ကျုံ့သွားရပြီး တံခါးလော့ချထားတဲ့ လျိုရှောင်းမောင်ရဲ့ အခန်းကို စိုက်ကြည့်လိုက်လေသည်။ အရင်တစ်ခေါက်တုန်းက ဆိုဖာပေါ်မှာ တွေ့ခဲ့ရတဲ့ ဘရာကို သတိရသွား​တော့ ချွီချန်ရဲ့ မျက်နှာက အနည်းငယ်ပျက်ယွင်းလာရ၏။

" မင်းရဲ့ဖေဖေမှာ ချစ်သူကောင်မလေးရှိလား?"

" ချစ်သူကောင်မလေး?"

wowo လေးက ရှုပ်ထွေးနေလေပြီး သူက ချွီချန်ရဲ့ခေါင်းက တခုခုချို့ယွင်းနေတာဖြစ်ရမည်ဟု တွေးနေလေသည်။ ပြီးတော့ သူ အဲ့တာကို ဘယ်လို ပြောရမယ်မှန်း နားတောင်မလည်နိုင်ရှာ​တော့ဘူး။

ထိုမေးခွန်းက ချွီချန်ကို အလွန့်အလွန်ကို ဒုက္ခပေးနေတာဖြစ်၏။ သူက သူ့လက်မောင်းထဲက မကြီးလွန်း၊မသေးလွန်းလေး ပေါက်စီလေးကို ကြည့်လိုက်လေသည်။ ဒီလိုအကြောင်းတွေကို ဒီကလေးလေးကို ပြောပြဖို့က တကယ်ကို အနည်းငယ်​ခက်ခဲတယ်ဆိုပေမယ့်လည်း wowo လေးက အမြဲတမ်း သူပြောတာကို နားထောင်ပေးရှာသည်။ ပြီးတော့ လူကြီးလေးကို ကလေးစကားသုံးပြီး ရှင်းပြတာက အလျင်မြန်ဆုံးနည်းလမ်းဖြစ်လိမ့်မည်ပင်။

" ချစ်သူကောင်မလေးဆိုတာက...အမ်...သူက သားရဲ့ဖေဖေကိုလည်း ဖက်ပြီး သားရဲ့အိမ်ကိုလည်း မကြာမကြာ လာတဲ့သူမျိုးလေ"

" အိုး..အာ..အဲ့လိုမျိုး မရှိဘူး"

wowoရဲ့မိသားစုမှာက လူနှစ်ယောက်တည်းပဲ ရှိတာ..ဖေဖေရယ် အန်ကယ်လျိုရယ်..တခြားဘယ်သူမှ မရှိဘူး..

မရှိဘူး? ချွီချန်ရဲ့ မျက်ခုံးတို့ တွန့်ချိုးသွားရပြီး သူက မသိမထားမိစွာပဲ သူ့ရဲ့ လက်အကြီးကြီးနဲ့ wowo လေးရဲ့ ခေါင်းက ခပ်မှိုင်းမှိုင်းဆံပင်လေးကို ထိကိုင်နေလေသည်။ အခု သူ ဘယ်လိုမှ ရှေ့ဆက်တွေးလို့ မပေါက်နိုင်ဖြစ်နေလေသည်။

အကယ်၍ မိန်းကလေးချစ်သူမရှိဘူးဆိုရင် အဲ့ဒီဘရာက ဘယ်ကနေ ထွက်လာတာလဲ? အစကတည်းက ဒေါင်းကလေးက သူနဲ့ တွေ့လိမ့်မယ်လို့ မျှော်လင့်ထားပြီး သူ့မှာ(Xu Cinian) မှာ ကောင်မလေးရှိမရှိ သူ(bro cheng) က လာအတည်ပြုမှာကိုများ ကြိုသိနေခဲ့တာလား? အဲ့တာကြောင့် ရည်ရွယ်ချက်ရှိရှိ သူမြင်အောင်လို့ အမျိုးသမီးသုံးပစ္စည်းကို ကြိုပြင်ဆင်ထားခဲ့တာလား?

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now