Chapter 129

1.2K 107 1
                                    

" မင်း သောက်ကောင်" လူသန်ကြီးရဲ့ တုတ်ခိုင်သန်မာပြီး ထူထဲတဲ့လည်ပင်းနဲ့ သူ့လက်မောင်းကို သုံးကာ သူ့ကို တူညှပ်သလို ညှပ်လိုက်ပြီး ရှုရှင်းနျန်ကို မြေပြင်ပေါ်သို့ တိုက်ရိုက် ပစ်ချလိုက်လေသည်။ ထို့နောက် သူ့အပေါ် ခုန်အုပ်လိုက်ပြီး သူ့ဆံပင်တို့ကို ဆွဲဆုပ်ကာ ခဏလေးအတွင်းမှာပင် ရှုရှင်းနျန်ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို ပြောင်သလင်းခါသွားစေသည်။ ထို့နောက် လက်တစ်ချက်အဝေ့မှာတင် သူက ရှုရှင်းနျန်ရဲ့ဘောင်းဘီကို ဆွဲချွတ်ချင်ခဲ့သည်။

ပတ်ပတ်လည်က လူတွေက ထိုမြင်ကွင်းကို မြင်ကာ ‌ကြောက်လန့်သွားကြပြီး အော်ဟစ်ကာ ဘေးသို့ရှဲသွားကြကုန်၏။ တစ်ချိန်တည်းဆိုသလို ရှောင်ဝမ်ပြန်လာတော့ ရှုရှင်းနျန်ကိုတော့  မတွေ့လေတော့ဘူး။ သုံးလွှာမှာရှိတဲ့ ကခန်းနေရာမှာ လူကို ရှာတွေ့သွားချိန်မှာတော သူ့ရှေ့မှလူကိုကြည့်ပြီး သူ့ဦးခေါင်းခွံတို့က ထုံထိုင်းသွားလေသည်။ ချက်ချင်းဆိုသလို သူက အော်ဟစ်ကာ ရှေ့သို့ပြေးသွားလေသည်။

" မင်းဘယ်သူလဲ? မင်း ဘယ်လိုတောင် ငါတို့သခင်လေးကို လုပ်ရဲရတာလဲ?"

အခုချိန်မှာတော့ ရှုရှင်းနျန်တစ်ယောက် အလွန်ကို အရှက်ရနေခဲ့လေသည်။ သူက လူပေါင်းများစွာရဲ့ အကြည့်အောက်မှာ အနိုင်ကျင့်စော်ကားခံခဲ့ရပြီး မျက်နှာတစ်ပြင်လုံးက မျက်ရည်တို့နဲ့ ပြည့်လျှံနေကာ၊ သူက ရုန်းကန်ထွက်လိုက်ပြီး ရှောင်ဝမ်ရဲ့နောက်မှာ ဖုန်းကွယ်လိုက်လေသည်။

" မင်းတို့သခင်လေး? သခင်လေးမကလို့ ကောင်းကင်ရဲ့သားတော်ဖြစ်နေရင်တောင် အခု ဒီနေရာမှာ ဒီလောင်ဇုရှိနေပြီ။ ငါ သူ့ကို ကန်ကန် ဆဲဆဲ မင်းတို့ ဒီအဖိုးကို ဘာမှလုပ်လို့မရဘူးကွ!"

လူသန်ကြီးက ရှောင်ဝမ်ကို အဝေးသို့ တွန်းထုတ်လိုက်ပြီး ရှုရှင်းနျန်ကို ဆွဲထုတ်ကာ သူက ဒါဇင်ပေါင်းများစွာ ပါးရိုက်လိုက်ပြီး ထို့နောက်မှာတော့ အလွန်ရမ်းကားကြမ်းကြုတ်စွာ နမ်းရှိုက်လေသည်။

ရှုရှင်းနျန်ရဲ့မျက်နှာက ရှော့ခ်ရလွန်းလို့ ဖျော့တော့နေပြီး သူက ထိတ်လန့်တကြား အော်ဟစ်နေတော့သည်။ သူ့ပတ်ပတ်လည်က အခုဆို ရှုပ်ယှက်ခတ်နေပြီး လူတစ်ချို့က ပြေးလွှားထွက်ပြေးသွားကြကာ တချို့ကတော့ ရဲကို ဖုန်းဆက်လှမ်းခေါ်နေလေသည်။

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now