နူတ်ခမ်းတွေက..ရောင်နေတယ်?ရှုစစ်နျန်တစ်ယောက် အချိန်ခဏအကြာ တောင့်ခဲသွားခဲ့ပြီး ထို့နောက်မှာတော့ wowo လေးပြောတာကို ရုတ်တရက် သဘောပေါက်သွားခဲ့တာကြောင့် သူ့မျက်နှာတစ်ခုလုံး ရှက်သွေးဖြာ နီရဲသွားရတော့သည်။
သူက သတိမမူမိစွာ နူတ်ခမ်းသပ်လိုက်မိပြီး ထို့နောက် ရှက်ရွံ့စွာ ချောင်းဟန့်လိုက်လေ၏။
" ဒါက...wowo လေးရဲ့ ပါးက နှင်းခူနာပေါက်တာမဟုတ်ပါဘူး ပါးရဲ့နူတ်ခမ်းတွေက...ပိုးကောင်အကိုက်ခံလိုက်ရတာပါ"
wowo လေးက မယုံကြည်နိုင်စွာပဲ ခေါင်းယမ်းပြလာ၏။
" ပါးရဲ့နူတ်ခမ်းတစ်ခုလုံးက ပူပူနွေးနွေးပေါက်စီလို ဖူးရောင်နေတာကို ..ပြီးတော့ နီရဲသွပ်နေတာပဲ...အဲ့လောက်ကြောက်စရာကောင်းတာ ပါးကိုကိုက်သွားတာ ဘာပိုးကောင်ပါလိမ့်?"
(T/N နင်ငယ်ပါသေးတယ် ခေးရာ...အဲ့ဒီပိုးကောင်ကို နင်မသိသေးပါဘူး..ဟွန့်..ဟွန့်..)
" ..." ရှုစစ်နျန်တစ်ယောက် ကိုးရိုးကားယားနိုင်စွာ လုပ်ချောင်းဆိုးနေရုံသာ တတ်နိုင်တော့သည်။
ဒီအကောင်ငယ်လေးကို ထပ်ပြီး အရူးလုပ်လို့မရတော့ဘူးလို့ သူ ခံစားနေရပေပြီ။ထိုအချိန်မှာ မျက်နှာကပ် Mask တစ်ခုနဲ့ လျှို့ရှောင်းမောင်က အပြင်ကအသံဗလံတွေကြောင့် အခန်းထဲက ထွက်လာခဲ့၏။ သူ ရှုစစ်နျန်ကို မြင်လိုက်ချိန်မှာတော့ သူက အလွန်ကကျိုးကကြောင်နိုင်စွာ အော်ပြောလာလေသည်။
" အို့..ဟဲလို မင်း အနီရောင်ဆေးကန်ထဲများ ပြုတ်ကျခဲ့တာလား? ဘာအကြောင်းကြောင့်များ တစ်ကိုယ်လုံး နီရဲနေရတာလဲဟ!?"
" အန်ကယ်လျို...ပါးပါးရဲ့ နူတ်ခမ်းကလေ အကောင်ကိုက်ခံလိုက်ရတာ..မြန်မြန်ဆေးယူပြီး လိမ်းပေးရအောင်"
wowo လေးက လျိုရှောင်းမောင်ကို ကြည့်နေလေသည်။ သူ့ရဲ့ မျက်လုံးနက်နက်လေးတွေက တကယ့်ကို လေးနက်တည်ကြည်နေလျက် အလွန်သနားစရာကောင်းစွာ ကြည့်နေခဲ့သည်။
လျိုရှောင်းမောင် ရှုစစ်နျန်ရဲ့နူတ်ခမ်းဆီ အကြည့်တစ်ချက်ရောက်သွားပြီးနောက်မှာတော့ အူတက်မတတ်ရယ်နေပေတော့သည်။ ထို့နောက် wowo လေးရဲ့ ပါးလေးက ဖိညစ်လျက် ပြောလေ၏။
YOU ARE READING
တန်ပြန် ( MM Translation) UNICODE
Romanceမျက်နှာ နှစ်ဖက်ရှိတဲ့ ခွေးမတစ်ကောင်နဲ့ အချစ်ပြိုင်ဘက်ဖြစ်ရတာက ကြောက်စရာ မကောင်းပါဘူး။ ကြောက်စရာကောင်းတာက အဲ့ခွေးမက သူ့ညီငယ်လေး အဖြစ် လူဝင်စား ဖြစ်နေတာပဲ ။ အဲ့ဒီ 'ညီငယ်လေး ' ဆိုသူကြောင့်ပဲ ချစ်သူကို ဆုံးရှုံးရတယ်။ အဖိုးကလည်း ကြောက်စရာ အသေဆိုးနဲ့ ကြုံ...