CHAPTER 110

976 116 1
                                    


ချွီချန်က သူ့ကို ထိန်းကိုင်ထားပြီး လှုပ်ရှားခွင့်မပြုလေဘူး။ ဒါပေမယ့် ရှုစစ်နျန်က သူ့ပြောတာကို လုံးဝ နားမ​ထောင်ဘဲ သူ့ကိုသာ တွန်းထုတ်လေသည်။ သူ့ခန္ဓာကိုယ်က တုန်ယင်နေခဲ့သည်။

သူ့ခန္ဓာကိုယ်က နေရာတိုင်းမှာ ဒဏ်ရာတွေ ရှိနေခဲ့သည်။ ချွီချန်က နည်းနည်းလေးမှ အားမထည့်ရဲခဲ့ဘူး။ ဒါကြောင့် သူ့ကို ဖွဖွလေး ထိန်းကိုင်ရုံသာ ကိုင်ထားရဲလေသည်။ ပြီး​တော့ သူ့လေသံက ပိုပြီး ပြင်းထန်လာခဲ့သည်။

" ရျုစစ်နျန်...မင်း အခုလေးတင် operation ခန်းထဲက ထွက်လာတာကို သတိမှရသေးရဲ့လား?!"

ရှုစစ်နျန်ရဲ့မျက်နှာက ထပ်ပြီး ဖျော့တော့လာခဲ့သည်။ ဒါပေမယ့် သူ့နူတ်ခမ်းစွန်းမှာတော့ တောင့်တင်းတင်း အပြုံးတစ်ခု ရှိနေခဲ့သည်။ သူက ချွီချန်ကို သွေးဆောင်နေသလိုမျိုး ရှေ့နည်းနည်း လှမ်းလိုက်ကာ ပြုံးရင်း ပြောလေ၏။

" ဒီမှာ ကြည့်ကြည့်...ငါ တကယ် နေကောင်းနေပါပြီဟ...ခွဲစိတ်ရတာလည်း အသေးစားပဲဟာကို...ဘာလို့ ဒီလောက်တောင် အဖြစ်သည်းနေရတာလဲ? ဒီမှာနေရတာ ပိုးသတ်ဆေးနံ့အရမ်းပြင်းတယ်...ငါ ခဏ လမ်းထွက်လျှောက်ရုံပါပဲ...ငါ့နောက် လိုက်လာဖို့ မလိုပါဘူး"

ပြောပြီးတော့ သူက အံကြိတ်လိုက်ပြီး တံခါးဆီသို့ တစ်လှမ်းဆီ လှမ်းသွားလေသည်။

ထိုအချိန်မှာ ရှုစစ်နျန် တစ်ခုခုမှားနေပြီမှန်း ချွီချန် သဘောပေါက်လိုက်သည်။ ဘာလို့ဆို အစကနေ အဆုံးအထိ ရှုစစ်နျန်က ဘာဆိုဘာမှ မေးမလာခဲ့လို့ပင်။ အကောင်ငယ်လေးကို ရှုစစ်နျန် ဘယ်လောက်အထိ တယုတယချစ်မြတ်နိုးတယ်ဆိုတာ တခြားသူတွေထက် ချွီချန် ကောင်းကောင်းကြီး သိပေသည်။ အခု စစ်နျန် accident ဖြစ်သွားတယ်ဆိုတာကလည်း လျိုရှောင်းမောင်နဲ့ wowo ကို ကယ်ရင်းကနေ ဖြစ်ပျက်သွားတာဖြစ်သည်။ ဒါကို သူ နိုးနိုးချင်း သူ့သားနဲ့ပတ်သက်ပြီး တစ်ခွန်းတောင် မမေးရတာလဲ?

" စစ်နျန် မင်း wowo ကို သွားရှာမလို့လား?"

ချွီချန်က သူ့ရှေ့မှာ ပိတ်ရပ်လိုက်ပြီး သူ့ကို မြဲမြံစွာ စိုက်ကြည့်လိုက်၏။

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now