ဒါပေမယ့်...ရှုစစ်နျန်ရဲ့ခေါင်းမာတဲ့အကျင့်စရိုက်နဲ့ သူ့ပါးစပ်ကနေ အမှန်တရားကို ဖွင့်ဟပြောလာဖို့ဆိုသည်မှာ လုံးဝမဖြစ်နိုင်ပေ။
သူ့မှာရော ဒီနည်းလမ်းအပြင် တခြားရွေးချယ်စရာရှိသေးလို့လား?ချွီချန် စိတ်ထဲကနေ ခါးသီးစွာ ပြုံးမိသည်။ ထို့နောက် သူ့လက်က အားကို အနည်းငယ် ဖြေလျှော့လိုက်ပြီး အရှေ့သို့ကိုင်းကာ အသံနိမ့်လျက် အမေးပြုလိုက်သည်။
" စစ်နျန်...မင်း ကိုယ့်ကို အမှန်အတိုင်းဖြေပါ...wowo လေးက ကိုယ်နဲ့မင်းရဲ့ကလေးမလား...မင်း ကိုယ့်ကို ခေါင်းပဲငြိမ့်ပြလိုက်...ကိုယ် ချက်ချင်း လွှတ်ပေးလိုက်မယ်"
ဒီစကားလုံးတို့ ထွက်ကျလာသည်နဲ့တပြိုင်နက် ရှုစစ်နျန်ရဲ့မျက်လုံးတို့က ရုတ်ချည်း ပြူးကျယ်သွားခဲ့သည်။ သူ့ခေါင်းကစ ရေခဲရေတစ်ပုံးနဲ့အလောင်းချခံလိုက်ရသလိုမျိုး သူ့တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားလေသည်။ တိုက်ရိုက်နိူးဆွခံရမှုကြောင့် သူ့ အောက်ပိုင်းကကောင်ကလည်း အကြိမ်အနည်းငယ်လောက် ခုန်ပေါက်နေလေပြီး ခရမ်းရင့်ရောင်အထိ ရောင်ကိုင်းကြီးမားလာတော့သည်။ သူတို့တွေက အလွန်နီးကပ်စွာရှိနေကြတာကြောင့် ထိုအရာကြီးကို အတိုင်းသား မြင်တွေ့နေရလေသည်။
ရှုစစ်နျန်က စကားတစ်လုံးတောင် မဟနိုင်တော့သည်အထိ အလွန်ကြောက်ရွံ့လို့နေပေပြီ။ သူ့ခံစားချက်တွေကိုတောင် မထိန်းချုပ်နိုင်တော့ဘဲ တည်ငြိမ်မှုတို့မှာ အလုံးစုံပျက်ပြားသွားလျက်။ သူ့တစ်ကိုယ်လုံးက တောင့်တင်းထုံထိုင်းလို့နေသည်။ သူက သူ့လက်ကို ဆွဲဆန့်လိုက်ပြီး ချွီချန်ရဲ့လက်မောင်းကို ဖမ်းကိုင်လိုက်တာမို့ သွေးရာတို့က အထင်းသား အရာထင်နေခဲ့လေသည်။
" လွှတ်စမ်း...ငါ့ကို လွှတ်စမ်း!"
သူက အလွန်တင်းကြပ်မြဲမြံစွာ ဆုပ်ကိုင်ထားခဲ့ပြီး စဥ်ဆက်မပြတ်တဲ့သွေးပျက်ထိတ်လန့်မှုကြောင့် သူ့မျက်လုံးစွန်းတို့မှာ နီရဲသွပ်နေပေပြီ။ သူ့ခန္ဓာကိုယ်က အထိန်းအကွပ်မဲ့စွာ တုန်ယင်နေခဲ့သည်။ သူ့အောက်ကကောင်ကလည်း ပိုပိုပြီး ကြမ်းတမ်းခက်ထန်စွာ ခုန်ပေါက်လာခဲ့ပြီး ချွီချန်ရဲ့လက်အပြင်ဘက်ထိ ခုန်ထွက်တော့မယောင်ပင်ဖြစ်နေသည်မှာ သက်ရှိတစ်ကောင်နဲ့ပင်တူနေပေသည်။
YOU ARE READING
တန်ပြန် ( MM Translation) UNICODE
Romanceမျက်နှာ နှစ်ဖက်ရှိတဲ့ ခွေးမတစ်ကောင်နဲ့ အချစ်ပြိုင်ဘက်ဖြစ်ရတာက ကြောက်စရာ မကောင်းပါဘူး။ ကြောက်စရာကောင်းတာက အဲ့ခွေးမက သူ့ညီငယ်လေး အဖြစ် လူဝင်စား ဖြစ်နေတာပဲ ။ အဲ့ဒီ 'ညီငယ်လေး ' ဆိုသူကြောင့်ပဲ ချစ်သူကို ဆုံးရှုံးရတယ်။ အဖိုးကလည်း ကြောက်စရာ အသေဆိုးနဲ့ ကြုံ...