CHAPTER 98

1.1K 156 1
                                    


ပြောပြီးတာနဲ့ သူက ဖုန်းကို တန်းချလိုက်ပြီး နောက်ယောင်ခံလိုက်မှာကနေ ကာကွယ်ဖို့ ဖုန်းဘက်ထရီကို ခက်ချင်းထုတ်ပစ်လိုက်၏။

အဲ့ဒီအချိန်မှာ မြည်းလှည်းပေါ်မှာထိုင်ပြီး ရွာသားတွေနဲ့စကားပြောနေတဲ့ ရှုစစ်နျန်က သူ့ဘက် လှည့်လာပြီး မေးလာခဲ့သည်။

" ဖုန်းခေါ်နေတာလား?"

ချွီချန်က 'အင်း' တစ်ခွန်းပဲ တုန့်ပြန်လိုက်ပြီး ရှုစစ်နျန်ရဲ့ဘေးနား ကပ်ထိုင်လိုက်သည်။

" အခု ကိုယ်တို့တွေ Y city ကနေ ထွက်ခွာတော့မယ်...ဒီမြို့ကအထွက်မှာ အမာရွတ်မျက်နှာတို့ စောင့်ကြည့်နေနိုင်တယ်..ဒါပေမယ့် ကိုယ်တို့ကို လွယ်လွယ်နဲ့ဖမ်းမိမှာမဟုတ်ပါဘူး...ဒီမြည်းလှည်းကိုပဲ အားကိုးရမှာပဲ..မြန်မြန်သွားကြစို့"

တောင်တန်းတွေပေါ်က အဖိုးကြီးရဲ့အိမ်လေးကို နောက်မှာချန်ထားခဲ့ပြီး သူတို့တွေ မြောက်ဘက်စူးစူးကို ဦးတည်လာခဲ့ကြသည်။ ခေတ်မှီလမ်းတံတားတွေကို ရှောင်ရှားပြီး အစွန်အဖျားတောလမ်းလေးကနေ လာခဲ့ကြတာဖြစ်သည်။ ပြီးတော့ အခုချိန်မှာ နှစ်ယောက်လုံးက ဒေသခံဝတ်စုံကိုဝတ်ဆင်ထားကြပြီး၊ သူတို့မျက်နှာကလည်း မှောင်ပြီးမဲနေတာကြောင့် မြို့ပြင်သို့ထွက်ရာလမ်းတစ်လျှောက် ဘယ်သူကမှ သတိမထားမိခဲ့ကြပါပေ။

ရှုစစ်နျန်က စိတ်လက်ပေါ့ပါးစွာ ပြုံးရယ်လျက် သူ့ခြေထောက်ကို မြည်းလှည်းအပြင်ဘက်သို့ ထုတ်ကာ ပျင်းရိစွာ တွဲလောင်းချလိုက်ပြီး နောက်မှာကျန်ခဲ့တဲ့ တောင်တက်လမ်းကို ငေးကြည့်ရင်း ပြောလာခဲ့၏။

" အာ...ငါ သေလောက်အောင် နောင်တရတယ်...တကယ်က မျိုးစေ့ဝယ်ဖို့ ဒီကို လာချင်ရုံပဲကို မင်းနဲ့ရှုပ်မိသွားတော့ အသက်စွန့်စားပြီးထွက်ပြေးနေရတယ်...ဒါမျိုးကြုံရမယ်မှန်းသိရင် အစကတည်းက မလာပါဘူး"

" ဘာ ! ကိုယ်နဲ့လာရတာမကြိုက်ဘူးပေါ့?"

ရှုစစ်နျန်က သူ့ကို တစ်ချက်လှည့်ကြည့်လာခဲ့ပြီး ​ပြုံးချင်ချင်မျက်နှာကို ဖိနှိပ်လျက်

" အဟွန့်..နည်းနည်းပေါ့ "

" ဒါဆိုရင်တောင် ကိုယ့်ကို တွန်းထုတ်ပစ်ဖို့ တအားနောက်ကျလွန်းသွားပြီ...မကြာခင်ပဲ ဒီမြည်းလှည်းက မင်းအိမ်ကို ရောက်တော့မှာကို...မင်းအိမ်ထဲကို ကိုယ်ခြေတစ်လှမ်းဝင်ပြီးတာဆိုတာနဲ့ ဘယ်တော့မှ နောက်ပြန်လှည့်လို့မရတော့ဘူး"

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now