CHAPTER102

1.2K 157 12
                                    

အန်ကယ်ကျောင်းက နှာမှုတ်လိုက်ပြီး ချွီချန်မျက်လုံးထဲက မကျေနပ်ချက်တွေကလည်း အများကြီးပြေလျော့သွားလေသည်။

ရှုစစ်နျန်က သံကို ပူတုန်းရိုက်လိုက်ပြီး လျင်မြန်စွာပဲ ချွီချန်ဘက်သို့လှည့်ကာ တိတ်တဆိတ် နှစ်သိမ့်တဲ့အမူအယာလုပ်လိုက်သည်။ ထို့နောက် သူ့ခေါင်းကို လှည့်ကာ ပြုံးရယ်ရင်းနဲ့

" အန်ကယ်ကျောင်း ကျွန်တော်တအားဗိုက်ဆာနေပြီ...ကျွန်တော်တို့ ညစာစားပြီးမှပဲ ဆက်ပြောကြရအောင်လား? ကျွန်တော် အန်ကယ့်လက်ရာကို လွမ်းလှပြီဗျ"

သူက ဒီလူအိုကြီးကို ချော့မြူရာတွင် အထူးကျွမ်းကျင်လှသည်။ စကားလုံးအနည်းငယ်နဲ့ပင် အဖိုးကြီးရဲ့မျက်ခုံးတွေကို ပြေလျော့စေပြီး ပြုံးရယ်စေသည်။ ထို့နောက် အဖိုးအိုက ချက်ပြုတ်ဖို့ မီးဖို့ချောင်ထဲ ဝင်သွားတော့၏။

ညိုပြာရောင်သန်းနေပြီဖြစ်တဲ့ ချွီချန်ကို လှည့်ကြည့်လိုက်ပြီး သူ အသံတိုးတိုးနဲ့​တောင်းပန်လိုက်သည်။

" ငါတောင်းပန်ပါတယ်...အန်ကယ်က ငါ့ကို တွေ့ရတော့ စိတ်လှုပ်ရှားနေလို့ပါ...ပြီးတော့ သူ့ရဲ့ငါ့ကိုကာကွယ်ပေးချင်တဲ့စိတ်ဆန္ဒက လွန်လွန်ကဲကဲများနေလို့ မင်း စိတ်မရှိပါနဲ့"

ချွီချန်က စကားတစ်ခွန်းမပြောဘဲ သူ့မျက်လုံးတွေကိုသာ အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။

သူက အရူးမဟုတ်ဘူး။ ရှုစစ်နျန်က အစောကတည်းက သူ့ကို တစ်ခုခုဖုံးကွယ်ထားမှန်း သူရာနှုန်းပြည့်သေချာပေသည်။ ဒါပေမယ့် ရုတ်တရက်ဆိုသလို သူ မမေးမြန်းချင်တော့ဘူး။ ဘာလို့လဲဆိုတော့ သူ့ဒေါင်းကလေးရဲ့စိတ်သဘောထား တအားကောင်းမွန်လွန်းတာကို သူသိတယ်လေ။ အဖြစ်မှန်ကို ဖွင့်ပြောဖို့ သူဘယ်လောက်ဘဲ ဆွဲဆောင်ချင် ဆွဲဆောင်ချင် သူ့ဒေါင်းကလေးကသာ ဖွင့်ဟမပြောချင်ရင် ဘယ်ဟာက အသုံးဝင်မှာမဟုတ်ဘူး။ သူ့မှာလည်း သူဖွင့်ဟမပြောချင်ရတဲ့ အကြောင်းပြချက်ရှိမှာပဲ။ ဒေါင်းကလေးကို အမှန်အတိုင်းဖွင့်ပြောဖို့ တွန်းအားပေးနေမယ့်အစား ဒေါင်ကလေးကိုယ်တိုင် အစစ်အမှန်ဖွင့်ဟပြောဖို့ ဆန္ဒရှိချိန်အထိ သူ စောင့်တာပဲကောင်းပါသည်။

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now