CHAPTER 32

2.1K 231 16
                                    

တုန်ဖန်းက သူ့ခေါင်းကို ပြန်လှည့်လာပြီး ရှုစစ်နျန်ရဲ့ပုခုံးကို အကာအကွယ်ပေးသူတစ်ယောက်လိုမျိုး ပုတ်လာ၏။

" အဆင်ပြေပါတယ်...မစိုးရိမ်ပါနဲ့...ဒီလူတွေရှေ့မှာ ငါမင်းကို အရှက်ရအောင် မလုပ်ပါဘူး...မင်းဒီနေ့ ဒီကိုလာမယ့်အကြောင်း ဘာလို့ တွေးလိုက်တာလဲ? ငါထင်လိုက်တာက မင်းက ငါ့ကို တွေ့ဖို့ဆို တမင်ရှောင်နေတာလားလို့လေ"

သူ့ကို ဒီလိုပုံစံနဲ့မြင်ရတော့ ရှုစစ်နျန်တစ်ယောက် စိတ်ထဲကနေ တိတ်တဆိတ် ရယ်မောလိုက်လေသည်။

တုန်ဖန်းက ရှုရှင်းနျန်နဲ့ နှစ်အနည်းငယ်လောက် နေပြီး ဘယ်သူက ရှုမိသားစုဝင် အစစ်မှန်း မတွေးမိသည်အထိ သူ့ကိုယ်သူ ရှုမိသားစုဝင်တစ်ယောက်လို တကယ်ကို သတ်မှတ်ထားလေသည်။

သူက သူ့စိတ်ထဲကနေ တိတ်တဆိတ်လှောင်ပြောင်လိုက်သော်လည်း သူ့မျက်နှာမှာတော့ ကတိကအောက်အမူအရာတစ်ခု ရှိနေလေသည်။

" ကေးဇူးပါ..Mr.Dong...ကျွန်တော်က စားစရာ လာပို့ရုံလေးပါ..ဒါကြောင့် အရင်သွားကြတာပေါ့"

သူက ပြောရင်းနဲ့ သူ့ခါးကို ပြန်ဆွဲယူလိုက်ပြီး လှည့် ထွက်လာတော့သည်။ အခု သူက ဘယ်လိုတောင် နိမ့်ကျနေလဲ ဆိုတာကို တုန်ဖန်းကို မတွေ့စေချင်လေဘူး။

တုန်ဖန်းက ဒါကို တွေ့သွားတော့ သူ့နောက်က လိုက်လာရုံက လွှဲလို့ တခြား မလုပ်နိုင်လေဘူး။ သူက ရှုစစ်နျန်ရဲ့ အေးဆေးတည်တံ့နေတဲ့ နောက်ကျောဘက်ကို တသသ ဖြစ်စွာစိုက်ကြည့်လိုက်ပြီး နားမလည်နိုင်တဲ့ ရှုပ်ထွေးမှုတွေက သူ့စိတ်ထဲ တဖွားဖွား ပေါက်ဖွားလာရသည်။

သူတို့ ချန်းနန်လမ်းမှာ ထပ်တွေ့စဥ်အချိန်ကတည်းက ကိစ္စတွေက အလွန်မကျေနပ်ဖွယ်ရာတွေ ဆိုပေမယ့်လည်း သူ ရှုစစ်နျန်ကို မမေ့နိုင်ခဲ့ဘူး။ အရင်က သူ့ကို မမြင်တွေ့ခဲ့ရခင် သူ ရှုစစ်နျန်ကို မလွမ်းပါဘူး။ ဒါပေမယ့် သူ့ကိုလည်း မြင်ပြီးရော သူ တက္ကသိုလ်က အချိန်တွေကို မလွမ်းပဲ မနေနိုင်ဘူး။ သူတို့ချစ်ခဲ့ကြတဲ့ ပုံရိပ်တွေက ရှုစစ်နျန်ကို သွားခွင့်ပြုလိုက်ဖို့ သဘောမတူလိုက်နိုင်ဘူး။

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now