ဒီအချိန်မှာ Qu Cheng က ဒီအရာတွေကို လုံးဝ ဂရုမစိုက်နိုင်တာတော့ သနားစရာပင်။ ထို့နောက် ခဏလေးအတွင်းမှာက သူက မြင်ကွင်းကနေပျောက်ကွယ်သွားတော့၏။သာမန်ထောင်သားတွေသာဆို ခွင့်ပြုချက်မရဘဲ ထောင်တွင်းမှာ ဣန္ဒြေမပျက် ပြေးလွှားနေရဲမှာ မဟုတ်ဘူး။ ဒါပေမယ့် Qu Cheng ကတော့ ဒီဟာကို လျစ်လျူရှုလိုက်ပြီး တတိယစီရင်စု ဖြတ်လမ်းဂိတ်ကနေ ဒုတိယစီရင်စုဆီသို့ တိုက်ရိုက် ပြေးသွားလေသည်။ လမ်းတစ်လျှောက် တတိယစီရင်စုရဲ့ ထောင်စောင့်ငယ်လေးတွေကို ဖြတ်ပြေးလာခဲ့၏။ သို့သော် ပြေးလာသူမှာ Qu Cheng ဖြစ်နေသောအခါ မည်သူကမှ သူ့လမ်းကို လာပိတ်ပြီး မတားဆီးရဲကြပေ။
အတားအဆီးမရှိ ဒုတိယစီရင်စုကို Qu Cheng ရောက်ရှိသွားချိန်မှာတော့ မနီးမဝေးမှာ ဝမ် ဖက်တီးကို တွေ့လိုက်ရသည်။ သူက ဘာစကားမှ မပြောဘဲ ထောင့်ဆီလျှောက်သွားပြီး ဝမ်ဖက်တီးရဲ့ လည်ပင်းကို ညစ်လိုက်တော့၏။
ဖက်တီးဝမ်မှာ ဘောင်းဘီထဲ ဆီးထွက်ကျမတတ် ကြောက်ရွံ့သွားရသည်။ သူက ထောင်ပြေးတစ်ယောက်နဲ့ ကြုံတွေ့လိုက်ရတာဟု ထင်လိုက်ပြီး သူ့လက်ထဲက နံပါတ်တုတ်နဲ့ ရိုက်ဖို့ လုပ်လိုက်သည်။ သို့သော် ထိုသူ့ကို ကြည့်လိုက်ပြီး Qu Cheng မှန်း လည်း သိသွားရော သူ တအားကို ဆွံ့အသွားခဲ့၏။
" အကို..အကို cheng..အကို ဘာလို့ ဒီရောက်နေတာလဲ? ကျွန်တော်တို့..ကျွန်တော်တို့ ပြောစရာရှိလို့..ကျွန်တော်က အချိန်အကြာကြီး လူစုနေတာလေ"
Qu Cheng ရဲ့ မျက်နှာက မှိုင်းညို့နေပြီး သူက ဝမ်ဖက်တီးနဲ့ အရေးမပါတာတွေ ပြောချင်မနေလေဘူး။
" ပြီးခဲ့တဲ့ အခေါက်တုန်းက တတိယစီရင်စုကို မင်းပို့ခဲ့တဲ့ လူ အခု ဘယ်မှာလဲ?"
" ဘယ်..ဘယ်တစ်ယောက်လဲ?"
ဝမ်ဖက်တီးတစ်ယောက် မျက်ရည်မကျဘဲ အော်ငိုချင်နေလေပြီ။ သူက နေ့တိုင်း တတိယစီရင်စုဆီ လူတွေကို လိုက်ပါစောင့်ကြပ်ပြီး ပို့ပေးနေတာဖြစ်၏။ အခု Qu Cheng ပြောတာ ဘယ်တစ်ယောက်မှန်း သူမသိလေဘူး။
" ငါကာကွယ်ချင်တယ်လို့ ပြောခဲ့တဲ့ သူ!"
Qu Cheng ရဲ့ မျက်နှာက အင်မတန်ကို ဆိုးရွားနေပြီ ဖြစ်သည်။ အကယ်၍ ဝမ်ဖက်တီးသာ အရေးမပါတာတွေပဲ ဆက်ပြောနေမယ်ဆိုရင် သူ ရိုက်မိတော့မှာ ဖြစ်၏။
YOU ARE READING
တန်ပြန် ( MM Translation) UNICODE
Romanceမျက်နှာ နှစ်ဖက်ရှိတဲ့ ခွေးမတစ်ကောင်နဲ့ အချစ်ပြိုင်ဘက်ဖြစ်ရတာက ကြောက်စရာ မကောင်းပါဘူး။ ကြောက်စရာကောင်းတာက အဲ့ခွေးမက သူ့ညီငယ်လေး အဖြစ် လူဝင်စား ဖြစ်နေတာပဲ ။ အဲ့ဒီ 'ညီငယ်လေး ' ဆိုသူကြောင့်ပဲ ချစ်သူကို ဆုံးရှုံးရတယ်။ အဖိုးကလည်း ကြောက်စရာ အသေဆိုးနဲ့ ကြုံ...