CHAPTER 41

2.4K 262 1
                                    

ရှုစစ်နျန်က သူ့ကျောပေါ်မှာ ရုပ်ဖျက်ဖို့အတွက် တပ်ထားသော ကျောဘုကြီးကို ဖြုတ်လိုက်ပြီး နောက်ဆုံးတော့ သူ ခါးကို ဆန့်လိုက်လေသည်။ ထို့နောက် သူ့မျက်နှာပေါ်က မှုတ်ဆိတ်မွှေးအတုကိုလည်း ဆွဲခွာလိုက်လျက်..

" မစိုးရိမ်ပါနဲ့ ..ဘာအန္တရာယ်မှ မရှိပါဘူး"

လျိုရှောင်းမောင်က ရှုစစ်နျန် ချွတ်ပစ်ထားတဲ့ စာပွဲထိုးဝတ်စုံကို ယူပြီး မသက်မသာဖြစ်စွာ ပြောလာ၏။

" ဒါဆို မင်း တုန်ဖန်းကားအမိုးပေါ်မှာ တပ်ထားတဲ့ ကင်မရာကို ဘယ်လို လုပ်မှာလဲ? အကယ်၍ အဲ့တာကို ရှာတွေ့တာနဲ့ ပွဲက လုံးဝ ပြီးသွားလိမ့်မယ်နော် "

ရှုစစ်နျန်က မျက်ခုံးပင့်လိုက်ပြီး သူ့အိပ်ကပ်ထဲကနေ ပစ္စည်းတစ်ခုကို ထုတ်ယူကာ ဖွဖွလေး ဖိနှိပ်လိုက်လေသည်။

ရှုမိသားစုရဲ့ မြေအောက်ကားဂိုဒေါင်က အနီရောင် BMW လေးက တိုးညှင်းတဲ့ 'ဘန်း' ခနဲ အသံ တစ်ချက် မြည်လာခဲ့၏။ အသံက တခြားသူတွေရဲ့ အာရုံ ဆွဲဆောင်နိုင်သည်အထိ မကျယ်ခဲ့လေဘူး။ ကားအမိုးပေါ်မှာရှိတဲ့ မတ်ပဲစေ့အရွယ်အစား ပစ္စည်းတစ်ခုက ရုတ်တရက် ပေါက်ကွဲသွားခဲ့ပြီး ကူရှင်ကြား ပြုတ်ကျသွားတာကို ဘယ်သူမှ သတိမပြုမိခဲ့ကြဘူး။ ဖြစ်ပျက်သွားသည်မှာ မြန်ဆန်လွန်း၍ ဘာလက်စလက်နမှ မကျန်ခဲ့ပါ။

" ငါက ဒါကို လုပ်တယ်ဆိုကတည်းက ဘယ်လိုလုပ် သဲလွန်စ ချန်ထားခဲ့မလဲဟ"

" မင်း ကလိမ်ကကျစ်ကောင် ! ရန်သူရဲ့မျက်နှာကိုဖျက်ဆီးဖို့ ရန်သူရဲ့ငွေကို သုံးတယ်ပေါ့လေ "

လျိုရှောင်းမောင်တစ်ယောက် ဘယ်လိုလုပ် ရှုစစ်နျန်ရဲ့ခေါင်းက သူ့ထက် ပိုကောင်းနေရတာလဲဆိုတာကို အံ့သြလျက် သူ့ခန္ဓာ ငါးပါးလုံးက လေးစားအားကျမှုတို့နဲ့ ပြည့်နှက်နေတော့သည်။
(T/N Five bodies-physical,energetic,mental,  intellectual and spiritual)

တုန်ဖန်းဆီ ရှုရှင်းနျန် ဖုန်ခေါ်တာကို သူ ကြားခဲ့တုန်းက ဒီစေ့စပ်သေချာတဲ့ အစီအစဥ်တစ်ခုလုံးက သူ့စိတ်ထဲ ပေါ်လာခဲ့တာဖြစ်သည်။ ပထမဆုံး တုန်ဖန်းရဲ့ သတိလျော့သွားအောင် အရင် ချော့ပေါင်းကာ သူ့ဆီက ငွေညစ်ယူခဲ့၏။ ထို့နောက် အဲ့ဒီငွေတွေနဲ့ အပေါစားဆန်တဲ့ လူနှစ်ယောက်ရဲ့ ပုံအတုတွေလုပ်ဖို့ နဲ့ လိုအပ်တဲ့ ကိရိယာတွေကို ဝယ်ယူခဲ့ပြီး ခွေးတစ်ကောင်က နောက်ခွေးတစ်ကောင်ကို ကိုက်ခိုင်းလိုက်တာ ဖြစ်သည်။ နောက်ဆုံးတော့ လူမြင်ကွင်းကြီးမှာ သူတို့ကို ရိုက်ချလိုက်ပြီး ကျောက်တုံးတစ်တုံးနဲ့ ငှက်သုံးကောင် သတ်ခဲ့လေသည်။ ပစ်ချက်က သေသပ် လှပကာ ပြစ်ချက်ကင်းစင်လွန်းလှပါ၏။

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now