CHAPTER 111

972 117 1
                                    

သူ့ရဲ့သားလေးရဲ့ပုံစံကို မြင်လိုက်ရတော့ ရှုစစ်နျန် နောက်ဆုံး​တော့ သူ့ရဲ့တင်းထားတဲ့စိတ်ကို လျှော့ချလိုက်လေသည်။ ထိုအချိန်တွင် သူ့ခန္ဓာကိုယ်က အားတွေ မကျန်တော့သလိုမျိုး သူက ​ဘေးက အထိန်းကို ထိန်းကိုင်ထားရလေသည်။ သူ့ခေါင်းကိုက နံ​ရံပေါ်မှီထားရပြီး စကားတစ်လုံးမပြောဘဲ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။

အချိန်အတော်ကြာပြီးတော့မှ ချွီချန်က မသဲမကွဲ တိုးညင်းညင်းအသံလေးကို ကြားလိုက်ရသည်။ သူက ရှုစစ်နျန်နားကပ်သွား​ပြီး နားထောင်လိုက်တော့ စကားသံတိုးတိုးကို ကြားရလေသည်။

" ...မင်းသိရဲ့လား...wowo ကလေ ငါ့လက်ကို တင်းတင်းဆွဲထားပြီး ငါနဲ့မခွဲချင်ဘူးလို့ တစာစာ ပြောနေခဲ့တာ...အဲ့တာကို ငါက သူက ကလေးလေးလို ဂျီကျနေတာလို့ ထင်ပြီး ရက်ရက်စက်စက် တွန်းထုတ်ပစ်ခဲ့တာ...အကယ်လို့ ငါသာ သူ့ကို ပိုဂရုစိုက်ခဲ့ရင်...သူ့ကို နည်းနည်းလေး အလိုလိုက်ခဲ့ရင် ...ဒီလိုကိစ္စတွေ ဖြစ်လာမှာမဟုတ်ဘူး..."

ဖြစ်ပျက်သွားခဲ့တာတွေကို ပြန်မတွေးရဲတော့သလိုမျိုး ရှုစစ်နျန်ရဲ့အသံက တုန်ယင်နေခဲ့သည်။ ချွီချန်က သူ့ပုခုံးကို ပုတ်လိုက်ပြီး

" မင်းအမှား မဟုတ်ပါဘူးကွာ... အခုလိုမျိုး တစ်ယောက်​ယောက်က မင်းကို တိုက်ခိုက်လာမယ်လို့ ဘယ်သူက သိနိုင်မှာလဲ?"

" ဘာကွာခြားသွားလို့လဲ?" ရှုစစ်နျန်ကို သူ့ကို ကြည့်လာခဲ့ပြီး အကြည့်တို့က အသက်ကင်းမဲ့နေခဲ့သည်။

" ငါက သူ့ရဲ့အဖေ ၊ သူ့ရဲ့တစ်ဦးတည်းသော ဆွေမျိုးသားချင်း... တာဝန်ပျက်ကွက်တာက တာဝန်ပျက်ကွက်တာပဲ...ငါ့ရဲ့ကလေးကိုတောင် မကာကွယ်နိုင်တာ ငါက ဘယ်လို​အဖေစားမျိုးလဲ? ဘာတာဝန်တဲ့လဲ!?"

ဒါဆို ကိုယ်ကရော မဟုတ်လို့လား?

ချွီချန်​က စိတ်ထဲကနေ တိတ်တဆိတ်မေးမိသည်။ ဒါပေမယ့် သူ့မျက်နှာပေါ်တော့ ဘာအရိပ်အရောင်မှ မပေါ်လေဘူး။ သူက ရှုစစ်နျန် ထိုင်နိုင်ဖို့ ကူညီလိုက်ပြီး ဖွဖွလေးပြောလေသည်။

" စစ်နျန် မင်းအကောင်းဆုံးလုပ်ခဲ့တာပါ...ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့...ဒီကိစ္စက နောက်ကွယ်ကနေ တစ်ယောက်ယောက်က ကြိုးကိုင်နေတာ...ဒီကိစ္စကို ကိုယ် ဖြေရှင်းလိုက်မှာမို့ စိတ်မပူနဲ့နော်...မင်းကို ထိခိုက်စေတဲ့ ဘယ်သူ့ကိုမဆို ကိုယ် အလွှတ်မပေးဘူး"

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now