chapter 116

1.3K 165 2
                                    


နာ့စ်က wowo ကုတင်ဘေးရပ်ရင်း မှတ်တမ်းစာရွက်ကို လှန်ကြည့်လေသည်။ ထို့နောက် ပြုံးကာ လက်ယမ်းပြလာသည်။

" ဆက်သုံးဖို့ မလိုတော့ပါဘူး။ ကျွန်မအခုလာတာ နောက်ကျ ဆေးတစ်ဝက်ပဲသုံးတော့မယ့်အကြောင်း လာပြောတာပါ။ ပြောပြီးတာနဲ့ အခုပဲ ထွက်သွားတော့မှာ။ ကလေးလေးက ကျွန်မကို မြင်တာနဲ့ကို ကြောက်နေပြီ"

သူမက ပြောပြီးတာနဲ့ လက်ထဲက ဆေးတောင့်ကို ချရင်း လှည့်ထွက်သွားလေတော့ တစ်ခန်းလုံးမှ သူတို့ သုံးယောက်သာ ကျန်ရစ်ခဲ့လေသည်။

Wowo က နောက်ဆုံးတော့ သတိဝင်လာပြီဖြစ်သည်။ သူမော့ကြည့်လိုက်တော့ ချွီချန်ကို တွေ့လိုက်ရလေသည်။ သူ သူ့ကို သတိပြုမိဖို့ အချိန်အတော်ကြာ ယူခဲ့ရလေသည်။ နောက်ဆုံးတော့ သူ့မျက်ရည်တွေက အပြုံးအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့မျက်လုံးတို့က လင်းလက်လာခဲ့သည်။

" ချန်ချန် လူဆိုး...သားကို ခြောက်တယ်! သားကို ဖက်"

ထပ်ပြီးတော့လား...

ရှုစစ်နျန် သူ့နဖူးကို ပွတ်သပ်မိသည်။ ဘာလို့များ အကောင်ငယ်လေးက ချွီချန်ကို ဒီလောက်ထိ ခင်တွယ်နေမှန်းကို နားမလည်တော့ဘူး။ သူ့ကို တွေ့တဲ့အချိန်တိုင်း wowo လေးက အတင်းဖက်တွယ်တက်လေသည်။ချွီချန်နဲ့တွေ့တော့ အစောနက ဝမ်းနည်းပြီး ဒေါသထွက်နေတဲ့ပုံစံကတောင် ချက်ချင်းပျောက်ကွယ်သွားလေသည်။

တကယ်ပါပဲ..ဘယ်သူက အဖေအရင်းပါလိမ့်...

" ငါက ဘယ်လိုလုပ် မင်းကို ခြောက်ရဲပါ့မလဲကွာ...မင်းလေး ဒုက္ခရောက်ရင် ဒီဦးဦးကို အသေရိုက်မှာ သိပါ့ဗျာ"

ချွီချန်က ကုတင်ပေါ်မှာရှိနေတဲ့ ပေါက်စီလုံးလေး(wowo)ကို ပွေ့ချီဖို့ လက်လှမ်းလိုက်လေသည်။ သူက သူ့ရဲ့ခေါင်းလေးကို မြင်ရော ရုတ်ချည်းဆိုသလို ပုတ်ပေးလိုက်ပြီး

" ဟ...ဟုတ်လှချည်လား ပေါင်ပေ့..ရက်နည်းနည်းပဲ မတွေ့ရတာ ဆံပင်ကေအသစ်တွေနဲ့ မိုက်နေပါလား"

အခုချိန်မှာ အကောင်ငယ်လေးရဲ့ ပုံစံလေးက အရမ်းတွေ ရယ်စဖွယ်ကောင်းနေသည်မှာ ပြောစရာမလိုလေဘူး။ ဆေးကုသမှုအတွက် သူနာပြုက သူ့ရဲ့ နူးညံ့တဲ့မူလဆံပင်ကို ရိတ်ပေးထားတာဖြစ်သည်။ နဖူးတစ်ခုလုံးကို ကွက်ရိတ်ထားပြီး နားပတ်ပတ်လည်က ဆံပင်လေးနည်းနည်းပါးပါးသာ ချန်ထားကာ ထူတဲ့နေရာထူ၊ ပါးတဲ့နေရာပါးနဲ့ မျက်နှာလေးက လပြည့်ဝန်းကြီးလို ရှင်းလင်းဝင်းပလို့နေတော့သည်။

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now