သူ့မှာ ဒီလိုနေ့မျိုး ရှိလာလိမ့်မယ်လို့ ရှုရှင်းနျန် ဘယ်တုန်းကမှ မတွေးကြည့်ခဲ့ဖူးဘူး။ သူ အောင်မြင်မှုဖို့အတွက် ခြေတစ်လှမ်းသာ လိုတော့တာ ဖြစ်၏။ ဒါပေမယ့် ထိုစောက်ဗီဒီယိုကြောင့် အားလုံး ပျက်စီးသွားရပေပြီ။သူ စခရင်ထက်က တုန်ဖန်းကို သွေးအန်လုမတတ် အလွန်မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။ ထို့နောက် ရှုကျင်းကော်ရဲ့ဘက်သို့ ယိုင်နဲ့စွာဖြင့် တွားသွားလျက် သူ့ဘောင်းဘီကို တင်းကြပ်စွာ ဆုပ်ကိုင်ကာ ရှိုက်ငိုလေတော့သည်။
" ပါး..ကျွန်တော် ပြောတာ နားထောင်ပါဦး! ကျွန်တော် တကယ်ကို ဘာမှ မသိတာပါ...အဲ့တာ တုန်ဖန်းလုပ်တာပဲ..သူက ကျွန်တော့်ကို အကွက်ဆင်ပြီး တမင်တကာ.ဒီဗီဒီယိုကိုလုပ်ခဲ့တာ ! အဲ့တာ ဘာလဲဆိုတာ ကျွန်တော် တကယ် မသိရတာပါဗျာ ! ပါး ! ကျွန်တော့်ကို ယုံပါဗျာ!"
ရှုကျင်းကော်ဆိုသည်မှာ တခြားသောအရာတွေထက် မျက်နှာကို ပိုအလေးထားသော သူဖြစ်သည်။ အခု ထိုပုံရိပ်တွေက သူ့မျက်နှာကို ခပ်စပ်စပ် ဖြတ်ရိုက်လိုက်တာမို့ နေရာတွင်ပင် ချက်ချင်း သူ သတ်သေချင်စိတ်ပေါက်သွားရလေသည်။ သူ့ခြေရင်းမှာ ရှက်ကြောက်စွာငိုကြွေးနေသော ရှုနယူးရီးယား ကို ကြည့်ပြီး သူက တုန့်ဆိုင်းခြင်းမရှိဘဲ ကန်ထုတ်လိုက်လေ၏။ ထို့နောက် သူ့လက်တွေကို ဆန့်ထုတ်လိုက်ကာ ရှုရှင်းနျန်ကို ရိုက်ချလိုက်တာမို့ ကျယ်လောင်တဲ့ ပါးချသံတစ်ချက မြည်ဟည်း ထွက်လာလေသည်။
" ခွေးမသား ! အဲ့ဒီညစ်ပတ်ရွံရှာစရာအရာတွေကို မင်းကြည့်လိုက်စမ်း ! ရှုမိသားစုရဲ့မျက်နှာကို မင်းကြောင့် ဆုံးရှုံးလိုက်ရပြီကွ! "
ပြတ်တောင်းပြတ်တောင်းနဲ့ လှုံ့ဆော်နေတဲ့ ဗီဒီယိုက ဆက်လက် ပြသနေတုန်းပင်။ တကယ့် လေးနက်တည်ကြည်တဲ့ လူကြီးလူကောင်းတွေက ထွက့ခွာသွားကြပြီဖြစ်ပြီး ကျန်နေသူမျိုးမှာ ရှုမိသားစုရဲ့ ပြက်လုံးကို စောင့်ကြည့်နေကြသူတွေ ဖြစ်၏။ ရှုရှင်းနျန်မှာ မူးမေ့လုမတတ် ငိုကြွေးနေလေပြီး ထို့နောက် သံကုန်အော်ဟစ်ကာ ကမန်းကတန်း ပြေးသွားလျက် သူ့ရှေ့မှာရှိတဲ့ ပရိုဂျက်တာကြီးကို ရိုက်ခွဲလိုက်တော့သည်။
YOU ARE READING
တန်ပြန် ( MM Translation) UNICODE
Romanceမျက်နှာ နှစ်ဖက်ရှိတဲ့ ခွေးမတစ်ကောင်နဲ့ အချစ်ပြိုင်ဘက်ဖြစ်ရတာက ကြောက်စရာ မကောင်းပါဘူး။ ကြောက်စရာကောင်းတာက အဲ့ခွေးမက သူ့ညီငယ်လေး အဖြစ် လူဝင်စား ဖြစ်နေတာပဲ ။ အဲ့ဒီ 'ညီငယ်လေး ' ဆိုသူကြောင့်ပဲ ချစ်သူကို ဆုံးရှုံးရတယ်။ အဖိုးကလည်း ကြောက်စရာ အသေဆိုးနဲ့ ကြုံ...