CHAPTER 45

2.3K 250 1
                                    


လူနှစ်ယောက်က အပြန်အလှန်စိုက်ကြည့်နေကြပြီး သူတို့ရဲ့ ပါးစပ်တွေက နှစ်ပြန်ချက်အသားတွေနဲ့ ပြည့်နှက်နေလေသည်။ ရုတ်တရက်ဆိုသလို မီးဖိုချောင်က တိတ်ဆိတ်သွားပြီး အိုးထဲက ဟင်းရည်ပွက်သံသာ ကြားရ၏။ လေထုက အနည်းငယ် သိမ်မွှေ့တိတ်ဆိတ်လာသည်။

ရှုစစ်နျန်က သူ့လက်မောင်းကို ပြန်ဆွဲယူခဲ့ပြီး အနည်းငယ် ချောင်းဟန်လျက် သံသယဝင်ဖွယ်လေထုကို ချိုးဖျက်လိုက်လေသည်။

" ခင်ဗျားပြောတယ်လေ..ကျွန်တော်က စားဖိုမှူးပုံစံမပေါက်ဘူးလို့...ဒါဆို ကျွန်တော်က ဘာနဲ့တူလဲဆိုတာတော့ ခင်ဗျားမပြောရသေးဘူးနော်"

" သားအဖညီအကိုလေ"

ချွီချန်က ရယ်မောလျက် သူ့လက်ကို ဆန့်ကာ အသားတစ်ဖတ်ကို ခိုးစားလိုက်သည်။

" အရင်က ကို မင်းကို ပြောခဲ့တာကို မှတ်မိသေးတယ်...ကိုယ်မင်းကို ​စတွေ့ခဲ့တုန်းကလေ မင်းက ကောင်းမွန်တဲ့ မိသားစုတစ်ခုက ကလေးတစ်ယောက်နဲ့ တူတယ်လို့...တကယ် ချမ်းသာကြွယ်ဝတဲ့ မိသားစုမျိုးပေါ့...အဲ့မှာ အစေခံတွေနဲ့အိမ်တော်ထိန်းတွေ တပြုံတခေါင်းနဲ့...ကိုယ့်မျက်လုံးတွေ ကျဥ်းမြောင်းပြီး ကိုယ့်မျက်ခုံးတွေမြင့်တက်သွားစေအောင်အထိ မင်းက သူတို့အားလုံးဒူးထောက်ခစားပြီး မြှောက်စားခံရမယ့်လူတစ်ယောက် ပုံစံမျိုးပဲ"

သူ ပြောနေလျက်နဲ့ ရှုစစ်နျန်ရဲ့ နဂိုရှိရင်းစွဲပုံစံလေးကို တလက်လက်တောက်ပနေတဲ့ သူ့ရဲ့ မျက်လုံးကို တစ်ဝက်မှေးကာ လိုက်၍ ကြည့်လိုက်ပြီးသူ့ရှေ့မှာ မတ်မတ်ရပ်လျက် ရှုစစ်နျန်ရဲ့ပါးပြင်နား အနည်းတိုးကပ်လိုက်သည်။

" ချွီချန်..ခင်ဗျားက လူညစ်ပဲ"

ချွီချန်ရဲ့ ဒီလိုစကားတွေက ရှုစစ်နျန်ကို ရယ်မောအောင် ပြုလုပ်နိုင်ပြီး သူက မုန်လာဥနီတစ်လုံးကို ကောက်ယူကာ ချွီချန်ကို ပစ်ပေါက်လိုက်လေသည်။

" shit..ကျွန်တော်က ခင်ဗျားလို ကြောင်သူတော် ကြွက်သူခိုးတစ်ယောက် မဟုတ်ဘူးဗျ"

ချွီချန်က ကူကယ်ရာမဲ့စွာ ရယ်မောလိုက်ပြီး

" မင်း မယုံဘူးပေါ့? ကိုယ် မင်းလက်ကို စထိ​တွေ့ လိုက်ကတည်းက မင်းက စားဖိုမှူးတစ်ယောက်ဆိုတဲ့ ထင်မြင်ချက် ကိုယ့်မှာ နည်းနည်းလေးတောင် မရှိတာ...မင်း အိမ်မှာ ဟင်းချက်နေတာကို ကိုယ်တိုင်မြင်ပြီး မင်းရဲ့လက်ရာက ဒီလောက်တောင် ကောင်းနေမယ်လို့ ဘယ်သူက တွေးမိမှာလဲ?"

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now