CHAPTER 136

556 62 3
                                    

" သခင်လေး...ဒီလို မလုပ်ပါနဲ့...နည်းနည်းပဲ ဖြစ်ဖြစ် စားမှ ရပါမယ်...အစားစားမှပဲ သခင်လေး မြန်မြန် သက်သာလာမှာပါ"

ထို " သခင်လေး" ဟူသော စကားလုံးကို ကြားသောအခါ ရှုရှင်းနျန်ရဲ့မျက်လုံးတိုက တောက်ပလာခဲ့သည်။ နဂိုစွဲမက်ဖွယ်မျက်နှာလေးပေါ် အရုပ်ဆိုးတဲ့ အညိုရောင်အမာရွတ်ကြီးက ကန့်လန့်ဖြတ်ရှိနေလသည်။ သူ့ရဲ့ ရုတ်တရက်ဆန်ဆန် အရူးအမူးဖြစ်နေတဲ့မျက်လုံးများကြောင့် သူက တစ်သီးတစ်သန့်ပင် ကြောက်မက်ဖွယ်ကောင်းနေတော့သည်။

" အန်ကယ်ကျောင်း မှန်ပါတယ်...ဒက်ဒီကရော အခြေအနေ ဘယ်လိုလဲ? သူကတော့ ကျိန်းသေပေါက် ကျွန်​တော်ကို ကူညီမှာပဲ...ကျွန်တော် အခုလိုမျိုး အသတ်ခံရတာ ကျုပ်ကို ကူညီပေးဖို့ သူ့ကို ပြောလိုက်ပါ။ "

သူ့ပုံစံက အိမ်တော်ထိန်းကို ကြောက်လန့်စေပြီး သူ့လက်တွေကို တုန်ယင်စေသည်။ အိမ်တော်ထိန်းက ခေါင်း ညိတ် ပြလိုက်ပြီး ပြောလေသည်။

" သခင်ကြီး...သူ ...အသက်အန္တရာယ်တော့ မရှိတော့ပါဘူး...အခုတော့ အိပ်နေပါတယ်.။ သခင်လေး... သခင်လေး ကိစ္စတွေအများကြီး လုပ်ပြီးပါပြီ...ဒါကို ဘယ်လိုလုပ် အရက်သောက်ပြီး ကားမောင်းရတာလဲ? သခင်ကြီးကို အသေသတ်ဖို့ ကြိုးစားနေတာလား? သခင်လေး ပိုနေကောင်းလာတာနဲ့ သခင်ကြီးဆီ သွားပြီး အမှား ဝန်ခံလိုက်ပါ..သူက ....သူက သခင်လေး ကို တစ်ယောက်တည်း ချန်ထားမှာ မဟုတ်ဘူး"

ရှုရှင်းနျန်က ရုတ်ချည်းဆိုသလို ခေါင်းခါယမ်းလိုက်ပြီး အရူးအမူး အော်ဟစ်လိုက်သည်။

" ခင်ဗျားတောင်မှ ကျုပ်ကို မယုံဘူးပေါ့? ကျုပ်က တစ်ကယ်ကို ထောင်ချောက်ဆင်ခံလိုက်ရတာ....တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာ"

သူ့ရဲ့ ရူးသွပ်လွန်းတဲ့ အမူအယာတွေက အိမ်တော်ထိန်းအိုကြီးကို ကြောက်လန့်စေပြီး ဆွံ့အသွားစေသည်။ ရှုရှင်းနျန်က ခေါင်းညိတ်ကျသွားခဲ့ပြီး ဘာမှ မပြောတော့ဘူး။ သူ့ခေါင်းကို ထပ်ပြီး မော့လာချိန်မှာ သူ့မျက်လုံးတို့က နီရဲနေပြီး မျက်ရည်တို့က အခင်းပေါ် ပြုတ်ကျသွားခဲ့သည်။ သူ့ပုခုံးတို့က ခိုက်ခိုက်တုန်နေပြီး သူ့ရဲ့ ပျောက်ဆုံးနေတဲ့ ခြေထောက်တစ်ဖက်ကို တုန်လှုပ်စွာ ကြည့်ကာ အိမ်တော်ထိန်းနားသို့ သွားတွား သွားလိုက်ပြီး စိတ်ပျက်အားငယ်စွာ အော်ဟစ်ငိုယိုတော့သည်။

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now