CHAPTER 67

1.9K 278 9
                                    


" အား! သားကို ကြည့်ပါဦး ပါးပါး!
သားမှားပါတယ်! အဟင့်အဟင့်... သားကို ကယ်ပါဦး!"

wowo တစ်ယောက် အသည်းအသန်ရုန်းကန်ရင်းဖြင့် လေထဲမှာ အသယ်ခံသွားရလေသည်။ သူ့ပါးဖောင်းဖောင်းလေးတွေက ပိုလို့ပင် စူထွက်လို့နေပြီး သူ့ရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ရှုစစ်နျန်ကို တဖြတ်ဖြတ်ခတ်ပြနေသည်မှာ အလွန်ပင်သနားဖွယ်ကောင်းနေတော့သည်။ သူလေးက သူ့ရဲ့ချစ်စရာပုံရိပ်လေးနဲ့ သူ့ပါပါးကို ဝယ်ယူဖို့ ကြိုးစားနေရှာသည်။

သနားစရာကောင်းတာက ရှုစစ်နျန်က wowo လိုကလေးလေးဆီကနေ သူ့ရဲ့သရုပ်ဆောင်စကေးတွေကို နှောကြေလို့နေပြီဖြစ်၏။ ပြီးတော့ ချွီချန်ကလည်း wowo ကို တကယ်မရိုက်ရက်မှန်း သူနားလည်ထားသည်။ ဒါကြောင့် သူက မလှုပ်မယှက် နေမြဲအတိုင်းပင်နေကာ အပြုံးဖြင့် လက်ဝေ့ယမ်းပြလိုက်၏။

" ကောင်းကောင်းသွား! ပြန်လာရင် ငိုမနေနဲ့ဦး"

" ဝူးး.."

wowo လေးက ငိုယိုနေစဥ်မှာပဲ ချွီချန်ရဲ့ အဝေးကို သယ်ဆောင်သွားခြင်း ခံလိုက်ရလေသည်။ စားသောက်ဆိုင်ထဲမှ လူတွေက တစ်ယောက်ကိုတစ်ယောက် တီးတိုးပြောကာ ပြုံးရယ်ကုန်ကြ၏။
ဒီကလေးသေးသေးလေးက တကယ့်ရတနာလေးပဲ..

ရှုစစ်နျန်တစ်ယောက် ပြုံးရယ်ကာဖြင့် မတတ်သာစွာ ခေါင်းခါယမ်းမိသည်။ သူက တစ်ရှူးကို ယူလိုက်ပြီး သူ့မျက်နှာပေါ်က ဆော့တွေကို သုတ်လိုက်၏။ သို့သော် သူ့ရှေ့မှာက မှန်မရှိတာကြောင့် သူအချိန်တော်ကြာသုတ်ပြီးတာတောင် စေးကပ်ကပ်ခံစားနေရလေသည်။ ထို့ကြောင့် မှန်ရှိရာဘက်သို့ သူ့မျက်နှာကို လှည့်ကာ ဆော့အရည်တွေ ကျန်၊ မကျန်သေချာစစ်ကြည့်လေသည်။

ထိုအချိန်မှာ ရှုမိသားစုအမှတ်အသားနဲ့ ကားတစ်စီးက ဟောင်းတင်းကလပ် ဂိတ်ကို ဖြတ်ကျော်လာခဲ့၏။ ရှုရှင်းနျန်က ချွီချန်ကို ဖုန်းခေါ်နေသော်လည်း ဘယ်သူကမှ ဖုန်ပြန်မဖြေခဲ့ဘူး။

" အိုခေလေ...ငါထပ်သွားမယ်..မင်းက ဒီမှာ စောင့်နေခဲ့"

သူက စိတ်မရှည်စွာ လက်ခါယမ်းလိုက်ပြီး သူ့မျက်လုံးတွေကို ငိုယိုထားသလိုမျိုးနီရဲနေအောင် ပွတ်သပ်လေသည်။ ထို့နောက် ကားတံခါးကို ဖွင့်ကာ အောက်သို့ ဆင်းလိုက်၏။ သို့သော် သူ့ခေါင်းကို မတော်တဆ မော့လိုက်ချိန်မှာ​တော့ ရှုစစ်နျန်ရဲ့မျက်နှာကို မြင်လိုက်ရလေသည်..မဟုတ်ဘူး သွေးတွေ စီးကျနေတဲ့ ရှုစစ်နျန်ရဲ့ မျက်နှာ...

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now