CHAPTER 81

1.3K 139 0
                                    


တုန်ဖန်းက အချိန်အတော်ကြာ တုန့်ဆိုင်းနေခဲ့ပြီးနောက် ပတ်ပတ်လည်ကိုတစ်ချက်အကဲခတ်လိုက်သည်။ ရဲတွေက တံခါးအပြင်ဘက်မှာ ရပ်နေပြီး ဒီဘက်ကြည့်မနေတာကို တွေ့လိုက်ရသည်။ ထို့နောက် သူ​က အေးဆေးစွာ ပြောလာခဲ့၏။

" ရှုနယူးရီးယားက ကြင်နာတတ်တဲ့သူလို့ ငါအမြဲထင်ခဲ့တာ။ ဒါကြောင့် သူပြောသမျှစကားတိုင်းကို ချွင်းချက်မရှိ ငါယုံခဲ့တယ်။ ဒါပေမယ့် ငါအရူးတစ်ယောက်မဟုတ်ဘူး။ မင်းကို မကူညီဘဲနေဖို့ ငါ့အတွက် မဖြစ််နိုင်ဘူး"

သူက အသက်ပြင်းရှူလိုက်ပြီး သူ့စိတ်ကို လျှော့ချလေသည်။

" လွန်ခဲ့တဲ့ ခုနစ်နှစ်က Mr.Xuရဲ့အက်စီးဒန့်ဖြစ်ရပ်ကို မင်းမှတ်မိသေးလား?"

ထိုနှစ်ကအကြောင်းအရာကို ပြန်ပြောလာတော့ ရှုစစ်နျန်တစ်ယောက် ချက်ချင်းနိုးနိုးကြားကြားဖြစ်လာခဲ့သည်။

" မင်း ဘာပြောချင်တာလဲ?"

" ပထမဆုံး ငါ ရှုရှင်းနျန်ဆီက အကူအညီတောင်းခံတဲ့ ဖုန်းလက်ခံရရှိခဲ့တာမို့ မင်းတို့ရဲ့အိမ်တော်ကို ငါ ချက်ချင်းသွားခဲ့တယ်။ အဲ့ဒီအချိန်တုန်းက မင်းနဲ့Mr.Xuနှစ်ယောက်လုံးကို ဆေးရုံကို ခေါ်သွားခဲ့ပြီး ရဲတွေက အခင်းဖြစ်ပွားရာကို စုံစမ်းစစ်ဆေးနေကြတယ်။ အဲ့ဒီမှာ ရှုရှင်းနျန်က cell phone တစ်လုံးကို ဝှက်ထားခဲ့ပြီး ရဲတွေကို ဘာမှမပြောတာကို ငါမြင်ခဲ့ရတယ်"

" မင်း ဘာအကြောင်းပြောနေတာ...? ! မိုဘိုင်းဖုန်း? ! " ရှုစစ်နျန်ရဲ့မျက်လုံးတွေက ရုတ်တရက် ပြူးကျယ်သွားခဲ့လေသည်။

" ဟုတ်တယ်..မိုဘိုင်းဖုန်းတစ်လုံး"

တုန်ဖန်းက တည်ကြည်လေးနက်သောအမူအရာနဲ့ ခေါင်းညိတ်လာခဲ့၏။

" အဲ့ဒီတုန်းက ငါ့ကို သူက ခေါင်းရှုတ်အောင်လုပ်ခဲ့တယ်။ ဒါကြောင့် သူပြောသမျှကို ငါယုံကြည့်ခဲ့ပြီး နည်းနည်းလေးမှ သံသယမဝင်ခဲ့ဘူး။ ရဲတွေက သူ့ကို ဆေးရုံကို ပို့ပေးလိုက်ကြတယ်။ အဲ့ဒီည သူ့ကို ငါ အဖော်ပြုနေပေးတော့ လသာဆောင်ဘက်မှာ သူ တစ်ခုခုမီးရှို့နေတာကို မတော်တဆ တွေ့ခဲ့ရတယ်။ ဒါပေမယ့် သူ ငါ့ကိုလည်း မြင်သွားရော သူက အဲ့ဒီပစ္စည်းတွေအားလုံးကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ပြီး သူ့ခြေထောက်နာနေလို့ သူ့ခြေထောက်ကို ပွတ်ပေးဖို့ ငါ့ကို ပြောလာခဲ့တယ်"

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now