CHAPTER 44

2.2K 249 0
                                    


"..."

ချွီချန်တစ်ယောက် ပြုံးရယ်လျက် ခွီးခနဲ မရယ်မိစေဖို့ ကြိုးစားလိုက်ရလေသည်။သူ့ပုခုံးနှစ်ခုစလုံးက စတင်တုန်ယီနေတော့သည်။

ရှုစစ်နျန်က ဘာပြောရမယ်မှန်း မသိလေဘူး။ အချိန်အတန်ကြာ ထိုအကြောင်းကို စဥ်းစားတွေးတောပြီးနောက်မှာ နောက်ဆုံးပိတ်အဖွင့်စကားက ဒီလို စကားဖြစ်လိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ။

" ​နှစ်သစ်ပြီးကတည်းက မင်း တကူးတကကြီး ကိုယ့်ဆီ တစ်ခါမှ လာမတွေ့ဖူးဘူးနော် ?"
(T/N ဒီနေရာမှာ After the new year လို့ ရေးထားတော့ ရှုရှင်းနျန်ကိုပြောတာလား၊ နှစ်သစ်ကိုပြောတာလား သိပ်မသဲကွဲ😑 ရှုစစ်နျန်ကို ပြောတာလည်း ဖြစ်နိုင်တယ်..တစ်ခါတစ်ခါ နာမည်မှားရေးတာတွေ ရှိ😐)

ချ်ီချန်က သူ့ကို သက်တောင့်သက်သာဖြစ်စေဖို့ ပြုံးပြလာ၏။ သူ့ရဲ့မျက်လုံးတွေက အမှောင်ထဲမှာ အလွန်အမင်းတောက်ပလို့ နေလေသည်။

ရှုစစ်နျန်က ဟန်ဆောင် ချောင်းတစ်ချက်ဟန့်ပြီးသူ့ရဲ့ ရှက်ရွံ့မှုကို ဖုံးကွယ်လိုက်၏။

" ကျွန်တော် ဒီနား မတော်တဆ ဖြတ်သွားမိရုံလေးပါ..ခင်ဗျားဆီ လာတာ မဟုတ်.."

" ပါးက ပြောတယ်..သူက ချန်ချန်ကို သားတို့အိမ်ကို ထမင်းစားဖိတ်ချင်တယ်တဲ့...အရွက်တွေတောင် အားလုံး ဝယ်ပြီးသွားပြီ"

wowo လေးက ပြုံးရယ်လျက် ရှုစစ်နျန်ရဲ့ စကားကို ကြားဖြတ်ပြောလာ၏။ သူ့ဗိုက်လေးက ဖြောင့်တန်းစွာ ဆန့်မတ်လို့​နေပြီး မျက်နှာပေါ်မှာ ပါးချိုင့်လေးနှစ်ခုကို ပြသထားလျက် သူ့အဖေကို လုံးဝ မျက်နှာသာ မပေးလေဘူး။

ချွီချန်တစ်ယောက် မထိန်းနိုင်ဘဲ ရယ်မိတော့သည်။ သူက လှလှကြီး သစ္စာဖောက်ခံလိုက်ရတဲ့ ရှုစစ်နျန်ကို ကြည့်လိုက်ပြီး အရှေ့သို့အနည်းငယ်ကိုင်း၍ ပြောလိုက်၏။

" အိုခေလေ..ကိုယ်က မရိုင်းပြတတ်ပါဘူး"

"..."

ချွီချန်ဆီကနေ တအားကြီး မသိသာတဲ့ စီးကရက်နံ့ဖျော့ဖျော့က ပျံ့နှံ့လို့နေသည်။ ရှုစစ်နျန်က သူ့ရှေ့က ပြုံးဖြီးနေကြတဲ့ မျက်နှာနှစ်ခုကို နည်းနည်းလေးမှ ကြည့်ချင်စိတ်မရှိတော့တာကြောင့် သူ့ခေါင်းကို တစ်ဖက်သို့ တိတ်တဆိတ် လှည့်လိုက်လေသည်။

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now