လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ထောင် တစ်ဖက်တစ်ချက်စီမှာ ထည့်လျက်
အဖြူရောင်သဘက်တစ်ထည်ကို ပုခုံးပေါ် တင်ထားပြီး၊ ဒူးနားလောက်ပဲ ရှိတဲ့ မီးခိုးရောင် ဘောင်ဘီရှည်တို့ကြောင့် တောင့်တင်းသန်မာတဲ့ ခြေသလုံးသားတို့ကို ပြသနေလျက်..ညှပ်ဖိနပ်တစ်စုံကလည်း သူ့ခြေထောက်တွေနဲ့ ထင်းလျက်နေသည်။ သူ့ကို ကြည့်ရသည်မှာ ပျင်းရိနေပုံရသော်လည်း သူ့၏ အနက်ရောင်မျက်လုံးတွေထဲမှာ သန်မာလွန်းသည့် အရှိန်အဟုန်တို့က ခိုအောင်းနေ၏။သူက တဆတ်ဆတ်ခေါင်းညိတ်လိုက်ပြီး မီးခိုးငွေ့တွေကို ဝမ်ဖက်တီးရဲ့ မျက်နှာပေါ်သို့ မှုတ်ထုတ်လိုက်လျက်
" oh..ဒုတိယစီရင်စုက အရာရှိဝမ်က ဘာလို့များ တတိယစီရင်စုကို အပြေးလာခဲ့တာများလဲ "
" အဲ့တာက ကျွန်တော်တို့စီရင်စုမှာ စည်းကမ်းမလိုက်နာတဲ့ အရူးတစ်ယောက်ရှိလို့လေ။ ကျွန်တော်က သူ့ကို ပညာပေးရအောင်လို့ ဒီကိုခေါ်လာတာ။ အကိုချန် သူ့ကို ယဥ်ကျေးနေစရာမလိုပါဘူး။ အကိုသာ ဆန္ဒရှိရင် သူ့ကို ဒီညခေါ်သွားပြီး အပျင်းပြေအောင် လုပ်လို့ရတယ် ။ "
" မင်းပြောတဲ့သူက အခုလေးတင်ဝင်သွားတဲ့ အသားဖြူဖြူနဲ့တစ်ယောက်လား? "
စီးကရက်တိုလေးက ချွီချန် ပါးစပ်လှုပ်တဲ့အတိုင်း အပေါ်အောက် ရွေ့လို့နေသည်။ သူက ရှုစစ်နျန် သွားသည့်ဘက်ကိုသာ ကြည့်နေလေပြီး သူဘာတွေးနေလဲဆိုတာ မသိနိုင်လေဘူး။
ဒီဟာကို ကြားသည့်အခါ ဝမ်ဖက်တီးက ခေါင်းညိတ်ရင်း ပြောလာ၏။
" ဟုတ်တယ်..သူပဲ။ အဲ့ဒီကလေးက တအားရူးတယ်။ သူက ဒီမိန်ရှန်း ထောင်က ဘယ်သူ့ပိုင်နက်မှန်း လှည့်မကြည့်သလို ဂရုတောင် မစိုက်ဘူးလေ။ အကိုချန်သာ စိတ်ဝင်စားရင် အခုသူက သေခြင်းတရားနဲ့ ဘယ်လိုတောင် နီးကပ်နေပီလဲ ဆိုတာကို ဒီည သိအောင် လုပ်ပေးလိုက်စမ်းပါ ။ "
ချွီချန် က သူ့မျက်လုံးထဲက အထင်သေးခြင်းအရိပ်အရောင်ကို ဖုန်းကွယ်ထားခြင်းအလျဥ်းမရှိဘဲ ဝမ်ဖက်တီးကို စိုက်ကြည့်လိုက်သည်။ သူက စိတ်ဓာတ်ဆိုးရွားတဲ့ ဒီလိုလူမျိုးကို မကြိုက်ဘူး။ လူတွေကို စော်ကားပြောဆိုတတ်တဲ့ ဝမ်ဖက်တီးလိုလူးမျိုးကို မုန်းသည်။
YOU ARE READING
တန်ပြန် ( MM Translation) UNICODE
Romanceမျက်နှာ နှစ်ဖက်ရှိတဲ့ ခွေးမတစ်ကောင်နဲ့ အချစ်ပြိုင်ဘက်ဖြစ်ရတာက ကြောက်စရာ မကောင်းပါဘူး။ ကြောက်စရာကောင်းတာက အဲ့ခွေးမက သူ့ညီငယ်လေး အဖြစ် လူဝင်စား ဖြစ်နေတာပဲ ။ အဲ့ဒီ 'ညီငယ်လေး ' ဆိုသူကြောင့်ပဲ ချစ်သူကို ဆုံးရှုံးရတယ်။ အဖိုးကလည်း ကြောက်စရာ အသေဆိုးနဲ့ ကြုံ...