CHAPTER 10

2.9K 316 1
                                    

Xu Cinian တစ်ယောက် တောင့်တင်းသွားရသည်။ အခုမှ တွေ့ဖူးတဲ့ ဒီလူဆိုးကောင်ကို မယုံကြည့်သင့်ဘူးဆိုတာ သိပေမယ့်လည်း သူ့နှလုံးသားကတော့ သူတောင် မသိလိုက်ခင်မှာဘဲ သဘောတူလိုက်ဖို့ ရွေးချယ်ပြီးနေပြီ ဖြစ်၏။

ဒါက အချိန်အတော်ကြာ အမှောင်ထုထဲရောက်နေတဲ့ သူ့ကို ကူညီဖို့ ဘယ်သူကမှ လက်ကမ်း မပေးဖူးတာကြောင့် ဖြစ်နိုင်၏။ သူက အနွေးဓာတ်လေးကို ထိတွေ့မိလိုက်သည်နဲ့ချက်ချင်း လုံးဝကို ပေးသွားဖို့ ဆန္ဒရှိမနေဘဲ မသိစိတ်ကနေ တင်းကြပ်စွာ ဖမ်းဆုတ်ထားမိသည်။

" အမာရွတ် မျက်နှာ..သူက တမင်သက်သက် မင်းကို ဆွဲဆောင်တာပါလို့ အခုလေးတင် မင်းပြောခဲ့တာလား? "

Qu Cheng က Xu cinian ရဲ့ ပုခုံးကို ဆုတ်ကိုင်ထားပြီး အပြုံးလေးနဲ့ မေးလာခဲ့၏။

အမာရွတ်မျက်နှာမှာ တုန်ရီသွားလျက် သူ့နဖူးပေါ်က ချွေးအေးတွေက အောက်သို့ စီးကျလာခဲ့သည်။ သူ့ပါးစပ်က စကားတောင် ကောင်းကောင်း မပြောနိုင်ရှာတော့။

" မဟုတ်..မဟုတ်ဘူး ၊ ကျွန်တော် ဆိုလိုတာက..အကို Che..Cheng..Cheng..အဲ့တာ တကယ် သူပဲ၊ ကျွန်တော့်ကို အရင် ရန်လာစတဲ့သူက...အားး ! "

သူ့စကားမဆုံးခင်မှာပဲ Qu Cheng က သူ့ကို မြေကြီးပေါ် ကန်ချလိုက်လေသည်။ အမာရွတ်မျက်နှာက သူ့ရင်ဘတ်ကိုဖိ၍ ရုန်းကန်နေပြီး စကားကတ်ပြောဖို့လည်း ကြိုးစားနေသေးဆဲပင်။ အကျိုးဆက်အနေနဲ့ သူလှုပ်ရှားလိုက်တိုင်း စူးစူးရှရှ နာကျင်လာရပြီး အမာရွတ်မျက်နှာက နံရိုးတွေကျိုးသွားမှာကို ကြောက်ရွံ့သွားရသည်။

ပတ်ဝန်းကျင်က လူထုကြီးဟာ အသံတစ်စက်မှ ထွက်မလာခဲ့တော့ဘူး။ ထို့နောက် အမာရွတ်မျက်နှာရဲ့ နောက်လိုက် ညီငယ်လေးတွေက တုန်တုန်ယင်ယင်နဲ့ မြေကြီးပေါ် တိုက်ရိုက် ဒူးထောက်ခဲ့ကြသည်။

Qu Cheng က နှာမှုတ်လိုက်ပြီး သူ့စီးကရက်တိုကို အမာရွတ်မျက်နှာရဲ့ ခေါင်းပေါ်သို့ ဖိချေလိုက်၏။ သူက ထိုသူ၏ နာကျင်တဲ့အော်ဟစ်ငိုယိုသံကို လျစ်လျူရှုလိုက်ကာ ပျင်းရီစွာပင် မီးခိုးငွေ့ကွင်းကို မှုတ်ထုတ်လာခဲ့သည်။

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now