CHAPTER 99

969 136 2
                                    


ချွီချန်က သူယူလာခဲ့တဲ့ ငွေစက္ကူတွေ ၊ ယဇ်ယူဇော်ပစ္စည်းတွေနဲ့ သေရည်တချို့ကို သူ့ရှေ့မှာ လှုပ်ခါယမ်းပြလာပြီး

" ဟောဒီမှာ ကြည့်.. ဒါတွေ အားလုံးက အန်တီကို လာဘ်ထိုးဖို့ယူလာတာ...ခဏနေ သူမကို ဒီပစ္စည်းတွေပေးပြီး စကားချိုချိုလေးပြောပေးလိုက်ရင် ...ကိုယ်သေချာပြောရဲတယ်...သူမက ကိုယ့်ကို သူ့ရဲ့သမက်အဖြစ် အသိအမှတ်ပြုလိမ့်မယ်"

" ငါ့မားက ရှုမိသားစုရဲ့ပိုင်ဆိုင်မှုကိုတောင် ဂရုမစိုက်တာ မင်းယူလာတဲ့ ဒီပစ္စည်းနည်းနည်းလေးကို ဂရုစိုက်မတဲ့လား?"

ရှုစ်နျန် ပြုံးလိုက်ပြီး ခြေလှမ်းလှမ်းဖို့လုပ်လိုက်သည်။ မမျှော်လင့်စွာပဲ ချွီချန်က မေးခွန်း မေးလာခဲ့သည်။

" ဒါကိုပြောတော့မှ မင်း ဘာလို့ အန်တီကို ဒီမှာ မြုပ်တာလဲ? မင်းမိသားစုရဲ့ကြွယ်ဝမှုအခြေအနေနဲ့ဆိုရင် အနည်းဆုံးတော့ အန်တီ့ကို ရှုကျားစစ်က အုပ်ဂူမှာမြုပ်မယ်လို့ ထင်နေတာ"

" ဒါက မားတောင်းဆိုလို့လေ"

ရှုစစ်နျန် နှာမှုတ်လိုက်သည်။ မျက်နှာပေါ်မှာတော့ လှောင်ပြုံးတစ်ခုဖြစ်တည်နေလျက်

" ရှုကျောင်းအိုက ငါ့မား မဆုံးခင်ကတည်းက အပြင်မှာပဲ ပျော်ပါးကုန်ဆုံးနေတာ...ငါ့မားက သူမ သေရင် သူ့မျက်နှာကို မတွေ့ချင်ဘူးလေ အဲ့ကြောင့် သူမရဲ့ဇာတိမြို့ကို ပြန်လာခဲ့တာ"

ချွီချန်က ဒီလိုမျိုးဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ သူ ရုတ်တရက်တော့ အာစေးမိနေခဲ့ပြီး အချိန်အတော်ကြာမှ စကားတစ်ခွန်းထွက်လာခဲ့သည်။

" ဆောရီးနော်"

" ရတယ် တောင်းပန်ဖို့မလိုပါဘူး တကယ်က ငါ ဒီအကြောင်းတွေကို တစ်ယောက်ယောက်ကို ရင်ဖွင့်ချင်ခဲ့တာ..အခုနောက်ပိုင်းတော့ ငါ့မားကို တွေ့ရတာ မသက်မသာခံစားရတယ်"

ရှုစစ်နျန် ပြုံးလိုက်ကာ လက်ယမ်းပြလာ၏။ ထို့နောက် ခြေလှမ်းလှမ်းရင်း ပြောလာခဲ့သည်။

" ငါ့မားက ရှုမိသားစုရဲ့စားဖိုမှူးဖြစ်ခဲ့တယ်ဆိုတာ ငါ မင်းကို မပြောဖူးဘူးလား?"

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now