CHAPTER 79

1.6K 185 4
                                    

ရှုရှင်းနျန်က ခေါင်းခါယမ်းကာ နှာတရှုပ်ရှုပ်နဲ့ပြောလာခဲ့သည်။

" ကျွန်တော် မလိမ်ပါဘူး။ မဟုတ်ရင် တုန်ဖန်းဆေးသုံးနေတဲ့ ဗီဒီယိုကို ကျွန်တော် ထုတ်ပြခဲ့မှာ မဟုတ်ဘူး။ သူက အိမ်မှာတောင် လက်ဝယ်ထားပြီး အဖြူမှုန့်ကို မကြာခဏ သုံးပါတယ် ။ ခင်ဗျားမယုံလို့ရှိရင် ရဲတွေ သူ့အိမ်ကိုသွားပြီး ကိုယ်တိုင်ရှာဖွေတာကို စောင့်နိုင်တယ်။
ကျွန်တော်က သူ့လက်ထဲမှာ အဖမ်းခံရပြီးသား။သူ့ကိုကလည်း တစ်နေရာကို သွားဖို့ ဖိအားပးထားတယ်။  ကျွန်တော့်အ​ဖေကလည်း အခုထိ ဆေးရုံမှာ လဲလျောင်းနေရတုန်းပဲ။ အခု အမှန်တရားကိုပြောဖို့ ကျွန်တော် မကြောက်တော့ဘူး။ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် လူတိုင်းက တရားမျှတမှုကိုယူဆောင်ပေးပြီး တုန်ဖန်းလိုလူမျိုးကို တရားနည်းလမ်းကျကျနဲ့ အပြစ်ပေးနိုင်ဖို့ပဲ ကျွန်တော် လိုချင်တယ်"

" သူက ကျွန်တော့်အကိုနဲ့အတူနေခဲ့တယ်ဆိုတဲ့ အချက်ကို​တော့ ဖုံးကွယ်ထားဖို့ မလိုအပ်ပါဘူး။ သူတို့နှစ်ယောက်အကြောင်း​က သူတို့ကျောင်းမှာကတည်းက မသိတဲ့သူမရှိသလောက်ပဲ။  ခင်ဗျားမယုံရင် စုံစမ်းကြည့်နိုင်ပါတယ်။ ကျွန်တော့်အကိုက ယောကျ်ားတွေကိုကြိုက်တယ်။ ဖုံးကွယ်ထားလို့မရဘူးဆိုတာ ကျွန်တော်သိပါတယ်...."

ကင်မရာမီးတွေက တဖြတ်ဖြတ်လက်လာခဲ့ပြီး ရှုရှင်းနျန်ရဲ့မျက်နှာမှာ မျက်ရည်စီးကြောင်းတွေနဲ့ ပြည့်နှက်နေလေသည်။ ကြည့်ရှုနေသူ လူတိုင်းနီးပါးက သူ့ကို ယုံကြည်သွားကြပြီး သူပြောတဲ့စကားလုံးတိုင်းက ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ခံထားရကာ မိနစ်အနည်းငယ်အတောအတွင်း လမ်းပေါ်မှာ ပျံ့နှံ့သွား​တော့သည်။

"ဖာ့ခ်ပဲ!  ဒီခွေးကောင်က သွက်သွက်ခါနေပြီပဲ! မျက်လုံးဖွင့်လျက်တန်းလန်းနဲ့ အဓိပ္ပါယ်မရှိတာတွေ ဆက်တိုက်ပြောနိုင်တဲ့ ယောက်ျားမျိုး မြင်တောင် မမြင်ဖူးဘူး!"

လျိုရှောင်းမောင်တစ်ယောက် ရိမုကို ကောက်ကိုင်ကာ TV screen ပေါ် ပစ်ပေါက်လိုက်လေသည်။ wowoလေးခဗျာ ကြောက်ရွံ့သွားရပြီး ခုန်ထလိုက်တာကြောင့် သူ့ပါးစပ်ထဲက ကောက်ညှင်းထမင်းလုံးပင် နင်လုနီးပါးဖြစ်သွားရရှာသည်။

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now