CHAPTER 22

2.2K 286 6
                                    

ထိုအချိန်မှာ လူတွေ အများကြီးက သူ့ကို ဝိုင်းကြည့်နေတာလည်း သူ ဂရုမစိုက်နိုင်ဘူး။ သူ့ခေါင်းတို့က ထူပူလာပြီး အလျင်အမြန်ပဲ Xu Cinian ရဲ့ အဝတ်ကို လှမ်းဆွဲလိုက်တော့သည်။

ပတ်ဝန်းကျင်က လူတွေက စိတ်လှုပ်ရှားစွာပဲ ပွဲကြည့်ဖို့ စုဝေးလာကြသည်။ အနီရောင် BMW က လမ်းကရေတွေကို ပိတ်လိုက်တာကြောင့် ပတ်ပတ်လည်မှာ ရေတွေ စုပြုံလာပြီး ညစ်ပတ်လာ၏။

Xu Cinian က သည်းမခံနိုင်တော့ဘူး။.သူ့မျက်လုံးတို့က နီရဲနေလေပြီး သူ့လက်ကို မြောက်ကာ ထိုသူ့ကို ပြင်းပြင်းထန်ထန် ရိုက်ပစ်လိုက်သည်။

" ဖြန်း.."

ထိုအသံက တစ်လမ်းလုံး ပျံ့နှံ့သွားရသည်အထိတောင် ကျယ်လောင်လွန်းလှ၏။

ပတ်ပတ်လည်က လူစုက မှင်တက်သွားကြရပြီး ထို့နောက်မှာတော့ သူတို့ ထပ်ပြီး အောင့်မထားနိုင်ကြတော့ဘူး။

ဒီအရူးက ငွေရှိတယ်ဆိုပြီး မာန်တက်နေသည်လေ။
သူက သူ့ကားစုတ်ကြီးကို နေ့တိုင်း ဒီနေရာ မောင်းလာပြီး တဗွမ်ဗွမ်နဲ့ ဟွန်းသံကျယ်ကြီးကိုလည်း တီးသေး၏။ ဒီလိုလုပ်တာကိုက လူမုန်းများဖို့ လုံလောက်နေပြီ ဖြစ်သည်။ အခု သူက သူ့ကားကြီးနဲ့ လူတွေကို အနိုင်ကျင့်နေရုံသာမက ကလေးတစ်ယောက် အဖေ လူတစ်ယောက်ကိုတောင် ထိကိုင်လိုက်သေးသည်။
ဒါက ရမ်းကားတာထက်တောင် အရှက်မရှိတာပဲကွ!

လူထုရဲ့ ဒေါသတွေက အလွန်အမင်း မြင့်တက်လာနေပြီး အုပ်စုလိုက် တိုက်ခတ်မှုအထိ ဖြစ်လာ​တော့သည်။

ပျံကျစျေးသည်မှ ဖြတ်သွားဖြတ်လာတွေ၊ ညစာလာစားသူတွေနဲ့ ဆိုင်ရှင်တွေအထိ ..အခြေခံအားဖြင့် ဒီမြင်ကွင်းကို မြင်တွေ့လိုက်ရတဲ့ လူတိုင်းက
Dong Feng ကို ဥတွေ ၊ အသီးအရွက်တွေ၊ ခရမ်းချဥ်ဆော့စ်တွေနဲ့ အနံ့ပြင်းတဲ့ အရည်တွေနဲ့ ပစ်ပေါက်ကြတော့သည်။ ဒါက ပိုပြီးတော့တောင် ဝမ်းနည်းစရာကောင်းနေပြီး များစွာသော ပစ္စည်းတွေက သူ့အပေါ် တဖွဲဖွဲနဲ့ တိုက်ရိုက် ကျလာနေပြီး သူ့တစ်ကိုယ်လုံး ပက်ဖြန်းခံထားရသည်မှာ အရောင်အသွေးစုံ​နေတော့သည်။

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now