CHAPTER 97

1K 131 0
                                    


" တည်မြဲတဲ့အရာဆိုတာ ကမ္ဘာပေါ်မှာ မရှိပါဘူးကွာ...ကိုယ်တို့လည်း အိမ်ပြန်သင့်ပြီ"
ချွီချန်က သူ့လက်ကို ဆုပ်ကိုင်ရင်းနဲ့ ရှေ့ဆက်လျှောက်လေသည်။

အမာရွတ်မျက်နှာရဲ့ရန်ကနေ ရှောင်ရှားနိုင်ဖို့ နှစ်ယောက်သားက Y မြို့တော်ရဲ့ ဒေသခံတိုင်းရင်းသားဝတ်စုံကို ပြောင်းလဲဝတ်ဆင်လိုက်ရသည်။ အခု ချွီချန်က ဒေသခံတိုင်းရင်းသားဝတ်စုံဖြစ်တဲ့ ရင်ခွဲသားမွှေးအင်္ကျီနဲ့၊ ခေါင်းပေါ်မှာတော့ စိမ်းပြာရောင်ဦးပေါင်းကို ဝတ်ဆင်လို့ထားသည်။ လက်ထဲမှာတော့ အဖိုးအိုပေးခဲ့တဲ့ ပစ္စည်းတွေကိုင်လို့ထားပြီး စကားတပြောပြောနဲ့လမ်းလျှောက်နေသည်မှာ ရုတ်တရက်ကြည့်လျင် တောင်ပေါ်အမဲလိုက်သွားတဲ့လူနဲ့တူနေတော့သည်။

ရှုစစ်နျန်လည်း သူနဲ့တူညီတဲ့ဝတ်စုံကိုဝတ်ဆင်လို့ထားသည်။ သူ သူ့ဘေးနားမှာ သူနဲ့ယှဥ်လျှောက်နေတဲ့ သူကို စောင်းကြည့်လိုက်သည်။ သူတို့မထွက်လာခင် အဖိုးအိုပြောတာတွေကို တွေးမိတော့ သူ့ခြေလှမ်းတို့က ရုတ်ချည်း ရပ်တန့်သွားလေသည်။ သူ့နှလုံးသားလေးက အနည်းငယ်နေမကောင်းပင်ဖြစ်လာရသည်။

အိမ်ပြန်တာ....

ဒီစကားက တကယ်ကို သွေးဆောင်နိုင်တာပဲ။

" ဘာဖြစ်လို့လဲ?"
ချွီချန်က နောက်လှည့်ကာ မေးမြန်းလာခဲ့၏။

ရှုစစ်နျန် ပြုံးလိုက်ပြီး ရုတ်တရက်ဆန်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေသည်။

" ဟေး..မင်း ငါနဲ့အတူ အိမ်ပြန်ချင်လား?"

" ကိုယ်တို့ အခု ပြန်နေကြတာပဲမဟုတ်ဘူးလား?"
ချွီချန်က ရယ်မောကာ ပြန်ဖြေလာခဲ့သည်။

ရှုစစ်နျန် ခေါင်းခါပြလိုက်ပြီး

" S City ကိုမပြန်တော့ဘူး...ငါ့အမေကိုတွေ့ဖို့ ငါ့ဇာတိကို သွားရအောင်"

ဖြောင့်မတ်ရိုးရှင်းလွန်းတဲ့စကားလုံးတွေက ဘယ်တုန်းကမှ အချိန်မဆွဲတတ်တဲ့ ရှုစစ်နျန်လိုပဲ ရိုးစင်းလှသည်။ သူက ခိုင်မာပြတ်သားပြီး လွတ်လပ်လွန်း၏။ သူ ဒါကို ဆုံးဖြတ်မည်ဆိုလျင် ဆုံဖြတ်မည်ပင်။ နည်းနည်းလေးမှ တုံနှေးတုံးနှေးလုပ်နေမည်မဟုတ်။

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now