တိုက်ရိုက်သွေးရင်းတဲ့ဆွေမျိုးတွေက သွေးကို တိုက်ရိုက်သွေးသွင်းပေးလို့မရဘူး။ မဟုတ်ရင် သူတို့က ချက်ချင်းငြင်းဆန်ခံရပြီး သေစေနိုင်တဲ့အထိ ပြင်းထန်စွာ ဖြစ်နိုင်သည်။ လျိုရှောင်းမောင်က ဒီသာမန်အသိလေးထိတော့ သိပါသေးသည်။ ချွီချန်က wowo ရဲ့အဖေရင်းဖြစ်သည်။ ထို့ကြောင့် သူသာ အခု ချွီချန်ကို မတားလိုက်ရင် wowo လေး တကယ်ကို သေသွားနိုင်သည်ပင်။
(ကိုယ်ဟာ သာမန်အသိတောင်မရှိသူပါ-_-)" မဖြစ်ဘူး! ဘာပဲ ဖြစ်ဖြစ် ခင်ဗျား သွားလို့မရဘူး! ကျွန်တော်ပြောတာ နားထောင်ပေးပါ!ကျွန်တော်က ရှုစစ်နျန်နဲ့ wowo ကို ဘယ်တော့မှ ဒုက္ခရောက်အောင်လုပ်မှာမဟုတ်ဘူး! ခင်ဗျား wowo လေးကို သွေးပေးလိုက်လို့မရဘူး!"
ထိုအချိန်မှာ သူ့နောက်က နာ့စ်က ထပ်ပြီး သည်းမခံနိုင်တော့ဘူး။
" O သွေးအရင်းအမြစ် မလုံလောက်ဘူးလို့ ကျွန်မတို့ပြောနေတယ်လေ...အရေးပေါ်ဖြစ်နေတာရှင့်...ရှင် ဝေးဝေးသွားစမ်းပါ...ရှင်တကယ်ရော ကလေးရဲ့မိသားစုဝင် ဟုတ်ရဲ့လား?"
ချွီချန်က လျိုရှောင်းမောင်ရဲ့ငိုပြီး နီရဲနေတဲ့မျက်လုံးတွေကို ကြည့်လိုက်သည်။ ရုတ်တရက်ဆိုသလို ထူးဆန်းတဲ့ခံစားချက်တစ်ခုက ခေါင်းထဲ ဖြတ်ခနဲဖြတ်ပြေးသွားလေသည်။ ဒီခံစားချက်က အရင်တစ်ခေါက်က ရှုစစ်နျန် သူ့ကို လျှို့ဝှက်ချက်တစ်ခု ဖုန်းကွယ်ထားခဲ့တုန်းကနဲ့ အတူတူပဲ။ ရုတ်တရက်ဆိုသလို သူ့ကို စိတ်အေးသွားစေပြီး သူ လျိုရှောင်းမောင်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
" ကောင်းပြီလေ...မင်းကို သူငယ်ချင်းအဖြစ် သတ်မှတ်ထားတဲ့ ရှုစစ်နျန်ရဲ့အကဲဖြတ်မှုကို ငါ ယုံတယ်..ဒါပေမယ့် မင်း ငါ့ကို အကြောင်းပြချက်တော့ပေးရမယ်...ငါက ဘာလို့ wowo ကို သွေးသွင်းပေးလို့မရတာလဲ?"
လျိုရှောင်းမောင်က မပြောနိုင်ခဲ့ဘူး။ သူက ခေါင်းသာ ခါပြလာပြီး
" ကျွန်တော် မပြောနိုင်ဘူး...ကျွန်တော်သာ ပြောလိုက်ရင်.. စစစ်နျန်...သူ ကျွန်တော့်ကို တစ်သက်လုံး မုန်းသွားမှာ..."
ချွီချန်က သူ့ကို အချိန်ခဏကြာ စူးစိုက်ကြည့်နေခဲ့သည်။ ထိုအကြည့်တွေက သူ့တစ်ကိုယ်လုံးကို ဖောက်ထွင်းကာ ကြည့်နေသလိုမျိုး။
YOU ARE READING
တန်ပြန် ( MM Translation) UNICODE
Romanceမျက်နှာ နှစ်ဖက်ရှိတဲ့ ခွေးမတစ်ကောင်နဲ့ အချစ်ပြိုင်ဘက်ဖြစ်ရတာက ကြောက်စရာ မကောင်းပါဘူး။ ကြောက်စရာကောင်းတာက အဲ့ခွေးမက သူ့ညီငယ်လေး အဖြစ် လူဝင်စား ဖြစ်နေတာပဲ ။ အဲ့ဒီ 'ညီငယ်လေး ' ဆိုသူကြောင့်ပဲ ချစ်သူကို ဆုံးရှုံးရတယ်။ အဖိုးကလည်း ကြောက်စရာ အသေဆိုးနဲ့ ကြုံ...