သူ့လက်မောင်းပေါ်မှာ ရုန်းကန်နေတဲ့ wowo လေးက ရုတ်တရက် သူ့ခေါင်းလေးကို စောင်းပြီး သူ့ရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ သိချင်စိတ်ပြင်းပြစွာဖြင့် မေးလာခဲ့၏။
" အရွယ်အစားဆိုတာ ဘာလဲဟင်?"
လျိုရှောင်းမောင်က အင်မတန်ဖြောင့်မတ်ရိုးသားစွာ ပြုံးလိုက်ပြီး သူ့ခေါင်းလေးကို ညွှတ်၍ wowo ကို နှစ်ကြိမ်လောက် နမ်းတော့သည်။
" မင်းရဲ့သားလေးက တအားသိချင်စိတ် ပြင်းထန်တယ် ဆိုတာ ငါသိသားပဲ...ဒါနဲ့ မင်းဘာဆက်လုပ်မလဲ? သူက ထောင်ထဲက အဲ့ဒီလူ..wowo ရဲ့အဖေ..ဟုတ်တယ်မလား?"
သူတို့ရဲ့စကားတွေက ဒီခေါင်းစဥ်ကို ရောက်လာပြန်တော့ ရှုစစ်နျန်မှာ အနည်းငယ် ရှက်ရွံ့နေလေသည်။.သူက ထရပ်လိုက်ပြီး wowo လေးကို ပွေ့ကာ အိပ်ခန်းထဲ လျှောက်ဝင်လာတော့သည်။ ဒီအကြောင်း သူ လုံဝပြောဖို့ ဆန္ဒရှိမနေပါဘူး။
" ဟေး..မသွားနဲ့လေ..မင်း ငါ့ကို မပြောရင်လည်း ငါက အကြွေးမှတ်ထားမှာပဲ..ဘာတွေ ဒီလောက်ရှက်နေတာလဲ..ဒီခင်ပွန်းဟောင်းနဲ့ ဒီခင်ပွန်းဟောင်းတွေပဲကို..မင်းတို့ ဒီရက်တွေမှာ အတူရှိနေကြတာမလား...ငါ့ရှေ့မှာကျတော့ မင်းက သေလောက်အောင်း ပျင်းစရာကောင်းလိုက်တာ "
ရှုစစ်နျန်တစ်ယောက် သူ့ခြေလှမ်းတို့ ရပ်သွားရပြီး ပြန်လှည်လာလေသည်။.သူ့မျက်နှာပေါ်က အမူအရာကတော့ အနညငယ် ရွဲ့တဲ့တဲ့ ဖြစ်နေလေသည်။
" ငါ ဒီရက်တွေမှာ သူနဲ့ အတူရှိနေတာပါလို့ မင်းကို ဘယ်သူပြောလဲ?"
ဒီစကားတွေ ထွက်ကျလာသည်နဲ့ချက်ချင်း လျိုရှောင်းမောင်တစ်ယောက် သူ ချွီချန်ရဲ့ သရုပ်မှန်ကို မျက်စိမှိတ် ခေါင်းညိတ်ထားမိတာမှန်း နားလည်လိုက်သည်။ တစ်ချိန်တည်းမှာ သူ သက်ပျင်းချလိုက်ပြီး သိချင်စိတ်လည်း ဖြစ်ရသည်။
" ငါလေးက မင်းတို့နှစ်ယောက်တည်း အေးဆေးနေရဖို့အတွက် တမင်သက်သက်ကို အိမ်ပြန်မလာတာပါနော်...မင်းတို့က အလျင်စလိုနဲ့ လူးလိမ့်မနေဘူးဆိုရင် ပြောပါဦး မင်းတို့နှစ်ယောက် ဘာတွေများ လုပ်နေကြတာလဲ? ငါထင်တာတော့ မင်း...wowo လေးက သူ့ရဲ့မျိုးစေ့မှန်း မင်းသူ့ကို မပြောရသေးတာ ဒါမှမဟုတ် သူက ရိုးရိုးရှင်းရှင်းပဲ စားပြီး နားမလည်တဲ့ လူယုတ်မာဖြစ်နေတာလား?"
YOU ARE READING
တန်ပြန် ( MM Translation) UNICODE
Romanceမျက်နှာ နှစ်ဖက်ရှိတဲ့ ခွေးမတစ်ကောင်နဲ့ အချစ်ပြိုင်ဘက်ဖြစ်ရတာက ကြောက်စရာ မကောင်းပါဘူး။ ကြောက်စရာကောင်းတာက အဲ့ခွေးမက သူ့ညီငယ်လေး အဖြစ် လူဝင်စား ဖြစ်နေတာပဲ ။ အဲ့ဒီ 'ညီငယ်လေး ' ဆိုသူကြောင့်ပဲ ချစ်သူကို ဆုံးရှုံးရတယ်။ အဖိုးကလည်း ကြောက်စရာ အသေဆိုးနဲ့ ကြုံ...