✡ , 30
သူ သူ့ရဲ့စိတ်ကို သားဖောက်တဲ့ လုပ်ငန်းလုပ်ကိုင်မယ်လို့ ဆုံးဖြတ်ပြီးကတည်းက ရှုစစ်နျန်က ပရောဂျက်စုံစမ်းဖို့အတွက် ပြေးလွှားနေရလေသည်။ သူက နေမထွက်ခင်ကတည်းက အိပ်ရာထကာ wowo အတွက် မနက်စာပြင်ပေးပြီး အိမ်ကနေ အလျင်စရာ ထွက်ခွာသွားသည်မှာ မိုးမချုပ်ခင် တစ်နေကုန်ပင် ဖြစ်၏။ အိမ်ပြန်ရောက်ပြီးပြန်တော့လည်း wowoလေးကို ရေချိုးပေးပြီးတော့ ဗီဒီယိုတွေကြည့်ကာ အချက်အလက်တွေ စစ်ဆေးဖို့ နောက်ကျသည်အထိ နေရပြန်သည်။ သူ့ခန္ဓာကိုယ် weight ကျသွားရသည်အထိပင် သူ ချာချာလည်အောင်ကို အလုပ်များနေပေတော့သည်။
လျိုရှောင်းမောင်တစ်ယောက် မကြည့်ရက်နိုင်တော့သည်မို့ wowo လေးကို ကူစောင့်ကြည့်ပေးဖို့ သူဘက်က မေးမြန်းရလေတော့သည်။ ရလဒ်အနေဖြင့် wowo လေးကို ထိန်းကူပြီး သုံးရက်အကြာမှာ wowo လေးမှာ အပြင်းစား နှင်းခူနာ ပေါက်လာခဲ့သည်။
သေးငယ်တဲ့ မျက်နှာဝိုင်းဝိုင်းလေးက ပုံမှန်ဆို ဖြူဖွေးပြီး နူးညံ့နေမည်ဖြစ်သော်လည်း အခုတော့ အနီရောင် အစက်အပျောက်လေးတွေနဲ့ ဖုံးလွှမ်းနေလေသည်။ အနီရောင် အဖုတစ်ဖူးစီတိုင်းက သီသန့်ကြီးကို ထင်းလင်းနေပြီး အသိုက်အမြုံ(wowo)လေးက ငယ်သေးတာမို့ သူ့ကိုယ်နဲ့ပတ်သက်ပြီး ဘယ်နေရာမှားနေမှန်း မသိလေရှာဘူး။ wowo က ယားယံပြီး မသက်မသာခံစားရတိုင်း သူ့ရဲ့လက်သေးသေးလေးတွေနဲ့ ဟိုဟိုဒီဒီ လျှောက်ကုတ်လေသည်။ လှပတဲ့ မျက်နှာလေးက ကုတ်ရာတွေ ဗရဗွနဲ့ ပြည့်နှက်လျက်၊ ယားယံမှုနဲ့နာကျင်မှုဒဏ်ကို ခံစားနေရတာကြောင့် ထိုဟာက အလွန်ကို ဆိုးရွားလှ၏။
လျိုရှောင်းမောင်က သူ့ဘာသူ အပြစ်တင်နေပြီး စိတ်ဓာတ်တွေ ကျနေလေသည်။ သူက ရှုစစ်နျန် တောင်ပေါ်ဒေသဘက် ခရီးထွက်သွားတာကို အခွင့်ကောင်းယူပြီး wowo လေးကို ဆေးရုံသို့ ခေါ်သွားခဲ့လေသည်။ ဆရာဝန်က အရောင်ကျဆေးနဲ့ အရေပြားလိမ်းဆေးတွေ အများကြီးကို ညွှန်ကြားခဲ့လေသည်။ wowo လေး အဲ့ဒီဆေးကို သုံးပြီးသွားတော့ ဆေးက အကျိုးမသက်ရောက်ရုံသာမက ပဋိဇီဝဆေးနဲ့ ဓာတ်မတည့်မှု ဖြစ်ပွားခဲ့လေသည်။ အယားဖူးလေးတွေ တစ်ပြိုင်နက်ထဲ တွန်းကန်ထွက်လာသည်မှာ ကြောက်စရာကောင်းလွန်း၍ လျိုရှောင်မောင်တစ်ယောက် ထပ်ပြီး အချိန်မဆွဲရဲတော့ဘဲ ညတွင်းချင်းပင် ရှုစစ်နျန်ကို ခေါ်ဆိုခဲ့ရလေသည်။
YOU ARE READING
တန်ပြန် ( MM Translation) UNICODE
Romanceမျက်နှာ နှစ်ဖက်ရှိတဲ့ ခွေးမတစ်ကောင်နဲ့ အချစ်ပြိုင်ဘက်ဖြစ်ရတာက ကြောက်စရာ မကောင်းပါဘူး။ ကြောက်စရာကောင်းတာက အဲ့ခွေးမက သူ့ညီငယ်လေး အဖြစ် လူဝင်စား ဖြစ်နေတာပဲ ။ အဲ့ဒီ 'ညီငယ်လေး ' ဆိုသူကြောင့်ပဲ ချစ်သူကို ဆုံးရှုံးရတယ်။ အဖိုးကလည်း ကြောက်စရာ အသေဆိုးနဲ့ ကြုံ...