ရှုစစ်နျန်က ဘာစကားမှ ပြန်မပြောခဲ့ဘူး။ အခုလိုမျိုး တုံ့နှေးတုံ့နှေးဖြစ်နေတာကြီးကို သူမလိုချင်ပါဘူး။ Houttuynia ကို စိုက်တာ အောင်မြင်တာ၊ မအောင်မြင်တာ အပထား ၊ အနည်းဆုံးတော့ သူ ကြိုးစားကြည့်သင့်သည်ပင်။ တကယ် လုပ်မကြည့်ရသေးဘဲ တွေးကြည့်ရုံနဲ့ အရှုံးပေးချင်ပြီဆိုမှသာ သူ တကယ်ကျရှုံးမှာဖြစ်သည်။ထိုအကြောင်းကို တွေးပြီး သူ အသက်ခပ်ပြင်းပြင်းရှုရှိုက်လိုက်ပြီး ရှောင်ကျွင်းဘက်လှည့်ကာ ပြောလိုက်၏။
" မင်းရဲ့အကိုကြီးပြောတာကို နားထောင်စမ်းပါ..ဒီကိစ္စမှာ မင်းဝင်မစွက်ဖက်နဲ့...ဟုတ်ပြီလား? ဒါနဲ့ အဲ့ဒီသူဌေးက မြေနေရာ စစ်ဆေးဖို့ ဒီနေ့ မင်းအိမ်ကို လာမယ်မလား? အကို သူနဲ့ စကားပြောကြည့်မယ်လေ..အောင်မြင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့လေ..ကျရှုံးရင်လည်း ကိစ္စမရှိပါဘူး...ဘာပဲဖြစ်ဖြစ် မြေနေရာနည်းနည်းလောက်ဝယ်တာနဲ့ အကိုငတ်မသွားပါဘူး"
သူက ဒီအကြောင်းကို ပြောရင်းနဲ့ လွတ်လပ်လွယ်ကူစွာ ပြုံးလိုက်၏။ ချန်ကျွင်းက ခေါင်းညိတ်ရုံကလွှဲလို့ ရွေးချယ်စရာမရှိလေဘူး။ သူ့စိတ်ထဲမှာတော့ ခုနစ်နှစ်၊ရှစ်နှစ်ကြာသွားတာတောင် ရှုစစ်နျန်က တအားအရွယ်တင်တာပဲ ဟု တွေးတောရင်းပေါ့။ ထိုသူရဲ့အပြုံးက အသက်နှစ်ဆယ်ကျော်ပြီးကာစ သူ့ထက်တောင် ပိုးပြီး နူးညံ့သိမ့်မွေ့သေးသည်။
***
ချွီချန်နောက်ကနေ အားစီက ငွေအပြည့်ထည့်ထားတဲ့ လက်ဆွဲအိတ်ကို ဆွဲကာ လမ်းလျှောက်လာခဲ့၏။ ချွီချန်လက်ထဲမှာတော့ အပေါ်ဝတ်အကျ်ီကို ကိုင်ထားကာ ၊ သူ့ကိုယ်ပေါ် ဝတ်ထားတဲ့ တစ်ထည်တည်းသော ရှပ်က အပေါ်ဆုံး ကြယ်သီးနှစ်လုံးကို ဖြုတ်ထားတာကြောင့် သန်မာပြီး ကျယ်ပြန့်တဲ့ ရင်ဘတ်ကြီးက ထွက်ပေါ်လို့နေလေသည်။
သူက သူ့အကျီလက်ထိပ်လေးကို ပင့်လိုက်ပြီး ကျောက်တုံးတစ်တုံးကို ကောက်ကာ အနီးနားကရေပူစမ်းထဲသို့ ပစ်ပေါက်လိုက်လေသည်။ ပြန့်ကျဲလာတဲ့ လှိုင်းတွန့်လေးတွေကိုကြည့်ရင်း သူ့မျက်ခုံးတို့ ပြေလျော့ကျသွားပြီး သူ့နူတ်ခမ်းတို့ ကွေးညွှတ်လာလေ၏။ သူ့ကြည့်ရသည်မှာ စိတ်ကောင်းဝင်နေပုံပေါ်၏။
YOU ARE READING
တန်ပြန် ( MM Translation) UNICODE
Romanceမျက်နှာ နှစ်ဖက်ရှိတဲ့ ခွေးမတစ်ကောင်နဲ့ အချစ်ပြိုင်ဘက်ဖြစ်ရတာက ကြောက်စရာ မကောင်းပါဘူး။ ကြောက်စရာကောင်းတာက အဲ့ခွေးမက သူ့ညီငယ်လေး အဖြစ် လူဝင်စား ဖြစ်နေတာပဲ ။ အဲ့ဒီ 'ညီငယ်လေး ' ဆိုသူကြောင့်ပဲ ချစ်သူကို ဆုံးရှုံးရတယ်။ အဖိုးကလည်း ကြောက်စရာ အသေဆိုးနဲ့ ကြုံ...