အဲ့ဒီအချိန်တုန်းက စကားနည်းပြီး ရိုးရှင်းတဲ့ ညီငယ်လေးနဲ့ ဆက်ဆံရေးကို အဆုံးသတ်ဖို့ သူ့မှာ ရှိသမျှအားတွေ အကုန်သုံးခဲ့ရလေသည်။ ဒါပေမယ့် ဒီကာလပြီးဆုံးသွားရင်လည်း အချိန်အတော် ကြာ လက်တွဲခဲ့တဲ့ သူ့ချစ်သူနဲ့ လိုက်လျောညီထွေဖြစ်အောင် ဆက်ပြီး နေနိုင်တော့မှာ မဟုတ်ဘူး။ရှုစစ်နျန် ရဲ့ တည်ငြိမ်နေတဲ့ပုံစံက တကယ်ကို ကြောက်စရာကောင်း၏။ သူက ကလေးတစ်ယောက်လိုလည်း ပြူမူမှာ မဟုတ်သလို အားနည်းချက်ကိုလည်း ပြသမှာမဟုတ်ဘူး။ ချစ်သူတွေကြား ပြဿနာရှိရင်တောင်မှ အကျိုးသင့်အကြောင်းသင့် သူ့သဘောထားကို တည်တည်ငြိမ်ငြိမ်နဲ့ ပြောပြီး ဖြေရှင်းပေလိမ့်မည်။ သူက ပြဿနာကို ခေါင်းရှောင်နေမှာ မဟုတ်သလို တုန်ဖန်း ကိုလည်း အကြွင်းမဲ့ယုံကြည်မှုနဲ့ လွတ်လပ်ခွင့်တွေ ပေးထားခဲ့သည်။
ဒါပေမယ့် ဒီလိုသဘောထားမှုတွေကပဲ တုန်ဖန်း ကို ပိုပြီးတော့ မွန်းကြပ်စေခဲ့သည်။ တုန်ဖန်း က သူ့ရဲ့ယောက်ျား ပီသချင်စိတ်ကို ကျေနပ်မှု ပေးနိုင်ဖို့ သူ့အပေါ် အမြဲ မှီခိုအားထားပြီးတော့ အကာအကွယ်လိုတဲ့ ချစ်သူတစ်ယောက် ၊ နူးညံ့သိမ်မွေ့ပြီးတော့ နှစ်လိုဖွယ်ကောင်းတဲ့ လူတစ်ယောက်ကိုသာ အမြဲ လိုချင်ခဲ့လေသည်။ သို့သော် ရှုစစ်နျန် ကတော့ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ လူစားမျိုးပဲ။ တုန်ဖန်း ရဲ့ အလုပ်နဲ့ အဆင့်အတန်းတောင်မှ ရှုစစ်နျန် ရဲ့ အကူအညီကြောင့်သာ ရနိုင်ခဲ့လေသည်။ အဲ့ဒါကြီးက တုန်ဖန်းကို အသက်ရှုကျပ်စေသည်။
" ဒါက ငါတို့နှစ်ယောက်ကြားက ကိစ္စပဲလေ။ ရှင်းနျန် ရဲ့ အသက်က ငယ်ငယ်လေးပဲ ရှိသေးတာ။ သူ့ကိုအကြပ်ကိုင်ရတာက မင်းအတွက် စိတ်ဝင်စားစရာ ကောင်းနေလို့လား "
တုန်ဖန်း က ကျုံ့ကျုံ့လေးထိုင်နေတဲ့ ရှုရှင်းနျန် ဘက် လှည့်၍ ကြည့်လိုက်လေသည်။ ရှုစစ်နျမ် က တုန်ဖန်း အတွက်တော့ နေရာတိုင်းမှာ အကိုတစ်ယောက်လိုပင် ခံစားရစေသည်။
ရှုစစ်နျန် အတွက် အကြီးအကျယ် ဒေါသထွက်ဖူးတာက မရှိသလောက်ပင်။ သူ့မျက်လုံးတွေက ပေါက်ထွက် မတတ်နီရဲနေခဲ့သော်လည်း ပြုံးနေဆဲပင်။ သူက အိပ်ရာခင်းကို လှမ်းယူလိုက်ပြီးရှုရှင်းနျန် ကို လွှမ်းခြုံပေးလိုက်သည်။ ထို့နောက် သူ့မျက်လုံးတွေက အထင်အမြင်သေးတဲ့အရိပ်အရောင် စိုးစဥ်းမျှမပါဘဲ
YOU ARE READING
တန်ပြန် ( MM Translation) UNICODE
Romanceမျက်နှာ နှစ်ဖက်ရှိတဲ့ ခွေးမတစ်ကောင်နဲ့ အချစ်ပြိုင်ဘက်ဖြစ်ရတာက ကြောက်စရာ မကောင်းပါဘူး။ ကြောက်စရာကောင်းတာက အဲ့ခွေးမက သူ့ညီငယ်လေး အဖြစ် လူဝင်စား ဖြစ်နေတာပဲ ။ အဲ့ဒီ 'ညီငယ်လေး ' ဆိုသူကြောင့်ပဲ ချစ်သူကို ဆုံးရှုံးရတယ်။ အဖိုးကလည်း ကြောက်စရာ အသေဆိုးနဲ့ ကြုံ...