CHAPTER 125

1.3K 126 3
                                    


လက်ထပ်မယ့်အကြောင်းပြောတော့မှ နောက်ဆုံးတော့ ရှုကျောင်းအိုရဲ့မျက်နှာပေါ် အပြုံးတို့ဖြစ်ပေါ်လာခဲ့သည်။

" မင်း ဘာလို့ သူ့ကို မြန်မြန်မယူသေးပဲ ရွေးနေရသေးတာလဲ? သူ့အဖေက အစိုးရအမှုထမ်းငယ်လေးဆိုပေမယ့် တကယ့်အရေးပါတဲ့နေရာကိုရထားတာ...ငါက မင်း လူမှန်တစ်ယောက်နဲ့တွေ့ဖို့ကို မမျှော်လင့်ဘူး...မင်းတို့နှစ်ယောက် အတူရှိပြီး လက်ထပ်ကြဖို့ပဲ ငါ မျှော်လင့်တယ်...ငါ ငါ့မြေးကိုတွေ့ရဖို့ စောင့်နေတယ်"

မြေး မြေး မြေးနဲ့ တစ်မြေးတည်းမြေးနေလိုက်! အဲ့ဒီမြေးဆိုတာအပြင် ခင်ဗျားကြီး ဘာများသိသေးလို့လဲ?

ရှုရှင်းနျန်ရဲ့မျက်နှာက အလွန်အမင်းကို တင်းမာနေလေသည်။ သူက သူ့ရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့ သူ့လက်ကို တင်းတင်းဆုပ်လိုက်ပြီး ပြုံးရယ်ကာ ရှုကျောင်းအိုရဲ့ခြေထောက်ကို ကိုင်လိုက်သည်။

" မစိုးရိမ်ပါနဲ့ ပါးရဲ့...ကျွန်တော်သိပါတယ်...ပါး နေကောင်းလာတာနဲ့ ပါးရဲ့ချွေးမကို တွေ့ဖို့ ကျွန်တော်ခေါ်လာခဲ့ပါ့မယ်...သူမကို ပါးစိတ်ကျေနပ်တယ်ဆိုရင် ကျွန်တော် ချက်ချင်းကို လက်ထပ်ပါ့မယ်ဗျာ...အားလုံး ပါးသဘောပါပဲ"

သူ့စကားတွေက ရှုကျောင်းအိုကို ကျေနပ်စေပြီး သူ့အပေါ်ထားတဲ့ ရှုကျောင်းအိုရဲ့သဘောထားကလည်း ပျော့ပျောင်းလာခဲ့သည်။ ထိုရှေ့ဘက်နဲ့နောက်ကျောဘက်က အကျင့်စရိုက်က ရှုရှင်းနျန်ကို ပို၍ ဒေါသထွက်စေလေသည်။ ဆေးရုံကုတင်ပေါ်မှာ ရှုကျောင်းအိုက အပြုံးပန်းဝေလျက် အိပ်မောကျသွားချိန်မှာတော့ ရှုရှင်းနျန်က မျက်နှာတစ်ခုလုံး မဲမှောင်မဲ့ရွဲ့ကာ ဆေးရုံအပြင်သို့ ထွက်လာခဲ့လေသည်။

ထိုသေခါနီးအဖိုးကြီးက ရှုမိသားစုဒီလောက်အကြပ်တည်းရောက်နေတာတောင် ရှုစစ်နျန်အကြောင်းတွေးနေသေးသည်။ သူက သူ့ကုမ္ပဏီကို သူ့လက်ထဲလွှဲပေးမယ့်အစား သူ့ရဲ့အနာဂတ်မြေးလေးကိုပဲ လွှဲပေးမည့်ပုံပင်။

ဒါဆို သူ ဒီအနေအထားရောက်အောင် သည်းညည်းခံပြီး အားစိုက်ထုတ်ခဲ့တာက ဘာအကျိုးရှိတော့မလဲ? ပြီးတော့ ရုပ်ဆိုးဆိုး မစ်ကျန်းကို လက်ထပ်ရမယ့်အပြင် ရှုမိသားစုကို ပေးဖို့ ကလေးတောင် မွေးပေးရဦးမယ်? အဓိပ္ပါယ်မရှိလိုက်လေခြင်း !

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now