ချန်ကျွင်းပြောတာကို နားထောင်ပြီး ချွီချန်ရဲ့မျက်နှာက ရုတ်တရက်ဆိုသလို နက်မှောင်သွားခဲ့ပေမယ့် သူက ဘေးဘက်တွင်သာ ရပ်ကာနေခဲ့၏။ဒီအချိန်မှ ဘာတွေဖြစ်ပျက်နေလဲဆိုတာ နားမလည်နိုင်သေးရင် သူရူးနေလို့ပဲ ဖြစ်ပေမည်။
ဒီအရှက်မရှိတဲ့ကောင်လေးကို ချန်ကျွင်းလို့ ခေါ်တယ်ပေါ့လေ။သူ သိလိုက်ပေပြီ.. အဲ့ဒီအချိန်တုန်းက ရှုစစ်နျန်ပါဆိုပြီး ဝမ်ဖက်တီး သူ့ကို လိမ်ပြောခဲ့တဲ့နာမည်ဆိုတာ။ လခွမ်းလိုပဲ.. အခွင့်အရေးသာရှိလို့ကတော့ အဲ့ဒီသောက်လိမ်ကောင် ဖက်တီးစုတ်ကို သတ်ပစ်မယ်!
အခုတော့ အဖိုးချန်က အဓိကအကျိုးတော်ဆောင်ကြီး ချွီချန်နဲ့ အဓိက ကျေးဇူးရှိသူ ရှုစစ်နျန်တို့ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်တွေ့ရလေသည်။ သူက အလွန်ပျော်ရွှင်နေလေပြီး ရှုစစ်နျန်ရဲ့ပုခုံးကို ပုတ်ကာ ပြောလေ၏။
" အိုး..ငါတအား ကံကောင်းတာပဲ.. ဒါနဲ့ မင်း ဒီကို လာတာက ရှောင်ကျွင်းကို သီးသန့်လာရှာတာလား?"
ရှုစစ်နျန်က ချွီချန်ကို ဖြတ်ခနဲ လှမ်းကြည့်လိုက်ပြီး ထို့နောက် ပြုံးကာ ခေါင်းယမ်းပြလိုက်၏။
" ရှောင်ကျွင်းနဲ့က ဒီရောက်မှ မမျှော်လင့်ပဲ တွေ့ရတာပါ..ကျွန်တော် ဒီလာတာက မြေနေရာဝယ်မလို့ ..ကျွန်တော်လမ်းမှာ ကြားခဲ့တာတော့ ဖိုးဖိုးက မြေရောင်းမယ်ဆိုလားလို့လေ...ဒါကြောင့် ကျွန်တော် စဥ်းတောင်မစဥ်းစားပဲ မျက်နှာလာပြရတာပါဗျာ"
ထိုစကားကိုကြားတော့ အဖိုးချန်က အံ့သြသွားခဲ့လေသည်။
" အဲ့ဟာက...အဲ့ဟာက မရတော့ဘူး..."
" ဘာလို့မရတာလဲ?"
ချန်ကျွင်းက ချွီချန်ကို လှမ်းကြည့်လိုက်လေသည်။ ထိုသူအပေါ်ကြည့်တဲ့ ရှုစစ်နျန်ရဲ့အကြည့်တွေက မနှစ်မြို့တာတွေ ပါဝင်နေတာက သူ တွေးလိုက်မိပြီး ချက်ချင်းဆိုသလို ချန်ကျွင်းလည်း ထိုသူ့ကို ကြည့်မရလေတော့ပါ။
" ဖိုးဖိုး ရှုကောက ကျွန်တော်ရဲ့ ကယ်တင်ရှင်နော်...ကျွန်တော့်ကြောင့်သာ မဟုတ်ရင် သူလည်း တတိယစီရင်စုကို သွားရမှာ မဟုတ်ဘူး...သူ့ကျေးဇူးတွေက ကျွန်တော့်တစ်ဘဝလုံးပေးဆပ်ရင်တောင် မကုန်နိုင်လောက်ဘူးဗျာ..ကျွန်တော်တို့ သူ့အပေါ် ဒီလောက်ကျေးဇူးကြွေးတွေ တင်နေတာ ..ဘာလို့ ဒီမြေရာလေးကို ရောင်းမပေးနိုင်ရမှာလဲ? ဖိုးဖိုး..ကျွန်တော့်ဘဝက အဲ့ဒီမြေလေးလောက်တောင် တန်ဖိုးမရှိဘူးလိူ့ ထင်နေတာတော့ မဟုတ်ပါဘူးနော်?"
(T/N ဆိုတော့ မြားနတ်မောင်လေး ရှောင်းကျွင်းပါပေါ့... )
YOU ARE READING
တန်ပြန် ( MM Translation) UNICODE
Romanceမျက်နှာ နှစ်ဖက်ရှိတဲ့ ခွေးမတစ်ကောင်နဲ့ အချစ်ပြိုင်ဘက်ဖြစ်ရတာက ကြောက်စရာ မကောင်းပါဘူး။ ကြောက်စရာကောင်းတာက အဲ့ခွေးမက သူ့ညီငယ်လေး အဖြစ် လူဝင်စား ဖြစ်နေတာပဲ ။ အဲ့ဒီ 'ညီငယ်လေး ' ဆိုသူကြောင့်ပဲ ချစ်သူကို ဆုံးရှုံးရတယ်။ အဖိုးကလည်း ကြောက်စရာ အသေဆိုးနဲ့ ကြုံ...