ချွီချန်ကတော့ သူကျောခိုင်းထားတဲ့လူကို စကားတစ်လုံးမှ ပြန်မပြောလာတော့ဘူး။ သူ့ပုံစံကြည့်ရသည်မှာ တစ်ခုခုကို သည်းခံနေတာ အသိသာကြီးပင်။ရှုစစ်နျန် ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး သူ့လက်ကိုဆန့်ကာ ဆီမီးအိမ်ထဲက မီးအလင်းရောင်ကို ညိမ်းလိုက်၏။ ထို့နောက် အမှောင်ထဲမှာ ရေစိုတဲ့အဝတ်တွေကို စတင်ချွတ်တော့သည်။ ချွီချန် နောက်လှည့်လိုက်တော့ သူ့ရဲ့ချောမွတ်တဲ့ ကျောပြင်နဲ့ တောက်ပြောင်နေတဲ့ မက်မွန်သီးနှစ်လုံးက သူ့မျက်လုံးရှေ့ရောက်နေခဲ့သည်။ ချက်ချင်းဆိုသလို သူ့လည်ချောင်းက ပိုပိုပြီး ခြောက်သွေ့ယားယံလာရပြီး သူ့လက်ကိုဆန့်ထုတ်ကာ ရှုစစ်နျန်ရဲ့လက်ကောက်ဝတ်ကို ဆွဲယူ၍ ထိုလူသားကိုကုတင်ပေါ်ဖိချလျက် အော်ပစ်လိုက်လေ၏။
" မျက်နှာလှည့်စမ်း! မင်းရဲ့တင်ပါးတွေကို ငါ့ရှေ့မှာ မထားစမ်းနဲ့!"
သူ ပိုပြီး သောကရောက်လေလေ ရှုစစ်နျန် ပိုပျော်လေလေပင်။ အခုအချိန်လေးမှာ နောက်ဆုံးတော့ သူ့နေရာကို ရှာတွေ့ခဲ့ပေပြီ။ သူက တမင်တကာပင် ချွီချန်ရဲ့ဘေးမှာ ဝင်လှဲလိုက်ပြီး သူ့လက်တွေကို ချွီချန်ရဲ့ရင်ဘတ်ပေါ် ေနရာချလိုက်၏။
" အခုလိုအိပ်ရတာ ကြိုက်လိုက်တာ..မင်းသဘောမကျရင် ဟိုဘက်လှည့်လိုက်"
သူက ချွီချန်ကို လူသားဖက်လုံးလိုမျိုး ဒါမှမဟုတ် သူ့ရဲ့ကိုယ်ပိုင်အပူပေးစက်ကဲ့သို့ သတ်မှတ်ထားလေသည်။ သူ့ခြေတွေ၊ လက်တွေနဲ့ ချွီချန်တစ်ကိုယ်လုံးကို ရစ်ပတ်ချုပ်နှောင်ထားပြီး သူ့မျက်လုံးတို့ကို နွေးထွေးစွာ မှိတ်ထားလေသည်။
အကြိမ်ပေါင်းများစွာ ထောင်လွှားမာန်ကြွနေတဲ့ ခပ်မာမာအရာတစ်ခုက သူ့ကို လာလာထိနေတာကြောင့် သူ့ခြေဖဝါးနဲ့ ပွတ်သပ်ထိတွေ့ပေးလိုက်၏။ ထို့နောက် မျက်လုံးတို့ကို တစ်ဝက်မှေးကျဥ်းလိုက်ပြီး သတိပေးစကားပြောလေသည်။
" မင်းရဲ့ ရိုးသားတဲ့ ညီလေးကို ကြည့်စမ်းပါဦး...ငါ့ခြေထောက်ကိုတောင် လာလာထိနေတယ်...ငါ မတော်တဆ ရိုက်ချိုးမိမှ ငါ့ကို အပြစ်မတင်နဲ့နော်"
YOU ARE READING
တန်ပြန် ( MM Translation) UNICODE
Romanceမျက်နှာ နှစ်ဖက်ရှိတဲ့ ခွေးမတစ်ကောင်နဲ့ အချစ်ပြိုင်ဘက်ဖြစ်ရတာက ကြောက်စရာ မကောင်းပါဘူး။ ကြောက်စရာကောင်းတာက အဲ့ခွေးမက သူ့ညီငယ်လေး အဖြစ် လူဝင်စား ဖြစ်နေတာပဲ ။ အဲ့ဒီ 'ညီငယ်လေး ' ဆိုသူကြောင့်ပဲ ချစ်သူကို ဆုံးရှုံးရတယ်။ အဖိုးကလည်း ကြောက်စရာ အသေဆိုးနဲ့ ကြုံ...