CHAPTER 92

1.3K 151 8
                                    

သူက နောက်ဆုံးတော့ မီးသွေးမီးကို ဖမ်းဆုပ်မိတဲ့ ချမ်းအေးနေတဲ့ လူတစ်ယောက်လိုမျိုး ပြုမူနေပြီး စကားအများကြီးမပြောလေဘူး။ ချွီချန်ကိုကြည့်ရတာ အနည်းငယ်မူးဝေနေပုံပင်။ သူ့ရဲ့လက်ကြီးကြီးတွေနဲ့ သူက ရှုစစ်နျန်ကို ဆွဲဖက်လိုက်ပြီး အောက်သို့ လိမ့်ချပစ်လိုက်ကာ အပေါ်ကနေ တက်ဖိလိုက်သည်။ သူ့တစ်ကိုယ်လုံးနဲ့ တင်းတင်းကြပ်ကြပ်ပင် တက်ဖိထားတာဖြစ်သည်။

သူ့ရဲ့ဖိအားက ရှုစစ်နျန်ကို အလွန်အမင်းမသက်မသာဖြစ်စေတာကြောင့် ရုန်းကန်မိသည်။

" နေမကောင်းတာကို ဘာတွေလုပ်နေ...အာ့.."

သူ့နူတ်ခမ်းတွေက ချွီချန်ရဲ့ လှမ်းကိုက်ခြင်းခံလိုက်ရသည်။ ဒီအချိန်မှာ ချွီချန်ခေါင်းတစ်ခုလုံးက ပေါက်ကွဲထွက်တော့မလို့ပဲ ပူထူနေသည်။ သူက ရှုစစ်နျန်ရဲ့ခန္ဓာကိုယ်က အပူဓာတ်တစ်ချို့ကိုပဲ ယူချင်ရုံပါ။ ရှုစစ်နျန်ရဲ့အသားအရေက အလွန်နူးညံ့ပြီး အနွေးဓာတ်လေးတွေထုတ်လွှတ်နေတာက အရမ်းအရမ်းသက်တောင့်သက်သာရှိလွန်းလှသည်။ သူ ဘာဆိုဘာမှ ပြောမနေတော့ဘဲ အနွေးဓာတ်ကို ဖမ်းဆုပ်လိုက်ရုံသာ။

" ဟေး! ကိုယ့်ကိုကိုယ် ထိန်းစမ်း!"

ထိုသူနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေမှန်း ရှုစစ်နျန်သိလိုက်ပေပြီ။ ထို့ကြောင့် ဘယ်ဘက်မှ ညာဘက်သို့ ရှောင်လိုက်ပြီး သူ့ကို တွန်ထုတ်နိုင်ဖို့ ကြိုးစားလေသည်။ သို့သော် ချွီချန်က နေမကောင်းဘူးသာဆိုတယ် သူ့အားကတော့ အလွန့်ကို ကြောက်မက်ဖွယ်ရာပင်။ သူ ဘယ်လောက်တွန်းထုတ်ထုတ် မတွန်းဖယ်နိုင်ခဲ့လေဘူး။

အစတုန်းကတော့ ချွီချန်ရဲ့ကိုယ်က ဒီအတိုင်း လောင်မြိုက်နေရုံသာ။ သူနိုးနေတုန်းက ရှုစစ်နျန်ရဲ့မီးတောက်တွေရဲ့အဖမ်းခံခဲ့ရလေသည်။ မအိပ်ခင်ကတည်းကပင် သူ့ညီလေးက နာကျင်ရသည်အထိ မာတောင်နေပေပြီ။ အခုတော့ ကျောက်စိမ်းတုံးလေးက သူ့လက်မောင်းတွေထဲမှာ နွေးလည်းနွေး၊ မွှေးလည်းမွှေးဖြစ်နေလေသည်။ အားလုံးကလည်း သူ ရှုစစ်နျန်ဆီက ရနေကျ ရင်းနှီးတဲ့သွားရည်ကျစရာတွေချည်းပင်။ သူ့ခေါင်းက မူးဝေနေတယ်ဆိုပေမယ့်လည်း အခု သူ့လက်ထဲမှာ ဖမ်းဆုပ်ထားတဲ့သူက သူ့ရဲ့ဒေါင်းကလေးဆိုတာတော့ သူသိပါသေးသည်။

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now