ရှုစစ်နျန်က သူ့ကို ပြုံးကြည့်နေလေသည်။ သို့သော် စကားလည်းမပြောသလို နေ့လည်စာဘူးကို မယူလေဘူး။ချွီချန်က သူ့ရဲ့အနက်ရောင်မုတ်ဆိတ်ငုတ်တိုလေးတွေကို ပွတ်သပ်ရင်း သူ့ကိုစိုက်ကြည့်ကာ နေ့လည်စာဘူးကို သူ့ဆီ အတင်းထိုးပေးလာသည်။
" ကိုယ် ဒီကို မင်းအတွက် တကူးတကကို စားစရာလာပို့တာနော်... ဒါကြောင့် မင်းမစားပဲနေမှာကို ကိုယ် ခွင့်မပြုဘူး! wowo တောင် ဒီတစ်ဝက်လုံးကို အံမထုတ်ဘဲ စားနိုင်တာ ဒါက ဆိုးဝါးတဲ့အရာကြီးမဟုတ်ပါဘူး..သူ့ရဲ့ပါးဖြစ်တဲ့ မင်းက စံနမူနာယူစရာ role model အနေနဲ့ ဒါကို ကုန်အောင် ဦးဆောင်စားသင့်တယ်!"
သူ့ရဲ့စိတ်ဓာတ်ကျနေပြီး သူ့မျက်နှာသူကာကွယ်ဖို့ ကြိုးစားနေတဲ့ ပုံစံကို ကြည့်ပြီးတော့ ရှုစစ်နျန် အများကြီးစိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။
ငါနဲ့အတူရှိဖို့ မင်းကို ငါကိုယ်တိုင်ခွင့်ပြုလိုက်တာကို မင်းကတော့ အားလုံးကို လှုပ်ခါပစ်လိုက်တယ်.. လှလှပပဝတ်စားသွားပြီး ရှုရှင်းနျန်ကို သွားဆွဲဆောင်လိုက်တယ်လေ... ငါ မင်းကို ခွင့်လွှတ်မယ်များ ထင်နေလား?..ရှုစစ်နျန် ဇွန်းကိုကောက်ကိုင်ပြီး တစ်လုတ် စားလိုက်၏။ ချွီချန်က သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်နေလေသည်။ ရှုစစ်နျန်ရဲ့နူတ်ခမ်းတို့ အပေါ်သို့ အနည်းငယ်ရွဲ့လိုက်၏။ သူ့မျက်နှာမှာတော့ ဘာ အမူအရာမှ ရှိမနေပေ။
" တကယ်ကို ဆိုးရွားတာပဲ "
ချွီချန်ရဲ့မျက်နှာက နက်မှောင်သွားခဲ့ပြီး သူ့ပုခုံးတို့လည်း တောင့်တင်းသွားခဲ့သည်။
" ကိုယ် အဲ့တာကို အညွှန်းထဲကအတိုင်း သေချာတစ်ဆင့်ချင်း လိုက်လုပ်ခဲ့တာကို..ထားလိုက်ပါတော့ အရသာဆိုးနေလည်း မစားနဲ့တော့.. အပြင်ပဲ ထွက်စားကြတာပေါ့"
ပြောပြီးတော့ သူ့ လက်တစ်ဖက်က ရှုစစ်နျန်လက်ထဲက နေ့လည်စာဘူးကို လှမ်းယူဖို့ လုပ်လိုက်ပြီး တစ်ခြားလက်တစ်ဖက်ကတော့ ရှုစစ်နျန်ကို ကိုင်ကာ အပြင်သို့ လျှောက်လာခဲ့သည်။
ရှုစစ်နျန်က လျှပ်စီးအလျင်အလား သူ့ရဲ့လက်ကို ရှောင်လိုက်သည်။
YOU ARE READING
တန်ပြန် ( MM Translation) UNICODE
Romantikမျက်နှာ နှစ်ဖက်ရှိတဲ့ ခွေးမတစ်ကောင်နဲ့ အချစ်ပြိုင်ဘက်ဖြစ်ရတာက ကြောက်စရာ မကောင်းပါဘူး။ ကြောက်စရာကောင်းတာက အဲ့ခွေးမက သူ့ညီငယ်လေး အဖြစ် လူဝင်စား ဖြစ်နေတာပဲ ။ အဲ့ဒီ 'ညီငယ်လေး ' ဆိုသူကြောင့်ပဲ ချစ်သူကို ဆုံးရှုံးရတယ်။ အဖိုးကလည်း ကြောက်စရာ အသေဆိုးနဲ့ ကြုံ...