CHAPTER 9

2.5K 302 0
                                    

" ကျွန်တော့်ကို လွှတ်ပေး! "

Xu Cinian က အမာရွတ်မျက်နှာအား အေးစက်စွာ စိုက်ကြည့်လိုက်၏။ နဖူးပေါ်က ဆံပင်တွေက ခေါင်းနောက်ဘက်သို့ ပင့်တင်ခံလိုက်ရတာကြောင့် စူးရှတောက်ပတဲ့ မျက်လုံးတစ်စုံကို မြင်ရလေသည်။

သူ့မျက်နှာကို မြင်လိုက်ရတဲ့ သူတိုင်းက ရပ်တန့်သွားရပြီး ထမင်းစားဆောင် တစ်ခုလုံး အချိန်တစ်ခုအထိ တိတ်ဆိတ်သွားလေ၏။ စက္ကန့်အနည်းငယ် ကုန်ဆုံးသွားရပြီးနောက်တော့ လေချွန်သံတွေကြောင့် ဆူညံသွားတော့သည်။

အမာရွတ်မျက်နှာလည်းပဲ မှင်တက်သွားရပြီး သူ့နူတ်ခမ်းတို့ကို ကောက်ကျစ်စဥ်းလှဲစွာ မတွန့်ကွေးမှီအထိ Xu Cinian ရဲ့ မျက်နှာကို စိုက်ကြည့်နေခဲ့သည်။ ထို့နောက် Xu Cinian ရဲ့ပါးကို ညင်သာစွာ ပွတ်သတ်လိုက်ပြီး

" တအား အရသာ ရှိနေတာ မထူးဆန်းတော့ပါဘူး။ မင်းက အလှလေး ဖြစ်နေခဲ့တာပဲ ။ "

သူက အော်ဟစ် ရယ်မောလိုက်တော့ သူ့နောက်က လူတွေကလည်း မနှစ်မြို့ဖွယ်ကောင်းစွာ ရယ်မောလာခဲ့ကြ၏။ တတိယစီရင်စုကို 'ပစ္စည်းကောင်းလေး' လေးတွေ ရောက်မလာတာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်၏။ ထို့အပြင် အမျိုးသမီးတွေရဲ့ ဖွံ့ဖြိုးပြီးပစ္စည်းတွေလိုမျိုး တူညီတဲ့ပစ္စည်းမျိုးရှိတတ်တဲ့ ရှောင်ပန်း*တွေနဲ့ ပျော်ပါးရတာလည်း အခုတော့ ညီးငွေ့နေပြီဖြစ်သည်။ သူတို့တွေ Xu Cinian ရဲ့ မျက်နှာကို မြင်တွေ့လိုက်ရတော့ သူတို့မျက်လုံးတို့က အရောင်တွေ ဖြာထွက်နေကြလေ၏။

(T/N risk taker, visionary, unpretentious)

Xu Cinian မှာ ​ကြိုးစားပြီး တည်ငြိမ်အောင် ထိန်းထားရပါသော်လည်း သူ့လက်ဖဝါးတို့မှာ ချွေးစိုနေပြီ ဖြစ်သည်။

အခု သူ့ရှေ့မှာက ခွေးအတွေ ရှိနေပြီး သူ့နောက်မှာတော့ ကျားဆိုးတို့ ရှိနေလေသည်။ သူ သွေးထွက်သည်အထိ အံကြိတ်ပြီး မျက်ရည်တွေ ထွက်ပြခဲ့ရင်တောင် သူ့ကိုသူကလွှဲပြီး ဘယ်သူကမှ သူ့ကို ကူညီမည် မဟုတ်။ အခုအချိန်မှာ သူလုပ်နိုင်တာဆိုလို့ ကြောက်ရွံ့တွန်ဆုတ်နေတဲ့ အမူအရာ နည်းနည်း လေးမှ မပြသဘဲ ထိုကြောက်စိတ်ကို သူ့အစာအိမ်ထဲ မြိုချထားလိုက်ရုံသာ ဖြစ်၏။

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now