ရှုစစ်နျန်က ချွီချန်ကို ရက်စက်စွာ ကန်လိုက်တော့ သူ့ အားတွေမသုံးနိုင်သည်အထိ သူ့ခြေနှစ်ချောင်းကအချုပ်ခံလိုက်ရလေသည်။ ဒါပေမယ့် လက်နှစ်ဖက်စလုံးနဲ့ သူ့မျက်နှာကို တဖြတ်ဖြတ်ရိုက်နေပြီး" မင်း wowo နိုးမှာကိုတော့ ကြောက်သေးတယ်ပေါ့? ဒါဆို ငါအိပ်နေတုန်း မင်း ဘာစောက်လုပ်လုပ်ခဲ့တာလဲ? ဟမ်? ပြောစမ်း! ချွီချန် မင်းကတော့ တကယ်ကို စွမ်းဆောင်နိုင်တာပဲ...ဒီလိုအရှက်မဲ့တဲ့ကိစ္စကိုတောင် မင်းလုပ်နိုင်တယ်!"
သူက အသံနိမ့်ပြောကာ ချွီချန်ကိုလည်း အချက်ပေါင်းများစွာ ဆက်တိုက် ရိုက်လေသည်။ ချွီချန်က လက်ဆန့်ကာ သူ့ခါးကို ဖမ်းကိုင်လိုက်ပြီး ချောင်းဟန့်လျက် အင်မတန်ရိုးသားဖြောင့်မတ်စွာ ပြောကြားလာခဲ့သည်။
" ကိုယ်က မင်းအခြေအနေ ဘယ်လိုရှိလဲ စစ်ဆေးကြည့်ရုံပါ...မင်းကမှ ဆေးရုံမသွားချင်တာ...အဲ့တော့ ကိုယ်က လူကိုယ်တိုင်စစ်ဆေးကြည့်ရုံပဲပေါ့"
" လူလိမ်ကောင်! မင်းရဲ့ဆိုးယုတ်တဲ့လုပ်ရပ်အတွက် ဆင်ခြေပေးမနေနဲ့!"
ချွီချန်က ရှုစစ်နျန်ကို ကုတင်ဆီ ထပ်ပြီးဖိချလိုက်ပြန်တော့ ရှုစစ်နျန်က ဆက်ပြီး ပြောလာ၏။
" မင်းမှာ တကယ်ပဲ အဲ့ဒီစွမ်းရည်ရှိနေရင် ဆေးရုံက ဘာအတွက်ရှိနေဦးမှာလဲ? တခြားလူတစ်ယောက်ကို ပွတ်သီးပွတ်သပ်နဲ့ထိုးသွင်းစစ်ဆေးရတဲ့ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုမျိုးရှိတယ်လို့ တစ်ခါမှတောင် မကြားဖူးဘူး"
ထိုတခဏမှာ ချွီချန်တစ်ယောက် အဖြေရကြပ်သွားရသည်။ ထို့ကြောင့် သူက အလျင်စလိုလုပ်မနေတော့ဘူး။ ပုလင်းကို ခွဲလိုက်ပြီဆိုမှတော့ လူရမ်းကားပဲ ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။
" ဘာလို့မရှိရမှာလဲ? ကိုယ် အခု မင်းကို စစ်ဆေးပေးနေတာပဲလေ...မင်း ဒီအကြောင်းကို မကြားဖူးဘူးလား...အမျိုးသားတွေက ကားအက်စီးဒန့်ဖြစ်ပြီးတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာအရိပ်မဲကြီးကျန်ခဲ့ပြီး သူတို့ရဲ့ ဆီးကြိတ်တွေက နာကျင်ကိုက်ခဲလာကာ သုတ်လွှတ်ရခက်ခဲလာတတ်တယ်တဲ့...မင်းအတွက် အခုလို စစ်ဆေးပေးတာ ကောင်းသားပဲ...ကျန်းမာတဲ့ခန္ဓာကိုယ်ရှိခြင်းက ခံနိုင်ရည်ရှိခြင်း(sex)ရဲ့ သော့ချက်ပဲ.. ကိုယ်တို့ ချစ်သူအချင်းချင်း ဒါကို ဝေမျှသင့်ပါတယ်"
YOU ARE READING
တန်ပြန် ( MM Translation) UNICODE
Romanceမျက်နှာ နှစ်ဖက်ရှိတဲ့ ခွေးမတစ်ကောင်နဲ့ အချစ်ပြိုင်ဘက်ဖြစ်ရတာက ကြောက်စရာ မကောင်းပါဘူး။ ကြောက်စရာကောင်းတာက အဲ့ခွေးမက သူ့ညီငယ်လေး အဖြစ် လူဝင်စား ဖြစ်နေတာပဲ ။ အဲ့ဒီ 'ညီငယ်လေး ' ဆိုသူကြောင့်ပဲ ချစ်သူကို ဆုံးရှုံးရတယ်။ အဖိုးကလည်း ကြောက်စရာ အသေဆိုးနဲ့ ကြုံ...