" မင်း သောက်ကျိုးနည်း...!"ရှုစစ်နျန် အော်လိုက်ပြီး သူ့ကို ကန်ပစ်လိုက်လေသည်။ သူ့ရဲ့ခေါင်းမာတဲ့အကျင့်က ပြန်ပေါ်လာခဲ့၏။
" မနက်ဖြန် Houttuynia Cordata ကို ဒုတိယအကြိမ်ရိတ်သိမ်းရမှာ...ငါသာ နောက်ကျသွားရင် သူတို့တွေ အေးခဲပီးသေသွားမလား ငါမပြောနိုင်ဘူး...မင်းနဲ့အတူသွားပြီး မင်းကို ဖျားယောင်းနေတာက အသုံးမဝင်ဘူးဟ!"
" ချီးပဲ ! မနက်ဖြန် မိုးသီးကျပြီး မင်းအပင်တွေအားလုံးကို သတ်သွားဖို့ ကိုယ်ကျိန်ဆိုတယ်ကွာ!"
ချွီချန်တစ်ယောက် အံကြိတ်လိုက်ပြီး အလွန် မကျေမနပ်ဖြစ်နေလေသည်။ သို့သော် သူ့လက်တွေနဲ့ ရှုစစ်နျန်ကို ရိုက်ဖို့ဆိုသည်မှာလည်း သူမလုပ်ရဲရှာလေဘူး။ ဒါကြောင့် သူ့ဒေါသတွေကို သူ့အဝတ်စားပေါ် ပုံချလိုက်ပြီး တစ်ချက်တည်းနဲ့ သူ့ရှပ်အကျီ်ကို ဆွဲဖြဲလိုက်ကာ အရှေ့သို့ကိုင်းကာ ရှုစစ်နျန်ရဲ့နူတ်ခမ်းကို ကိုက်ဆွဲတော့သည်။
ရှုစစ်နျန်မှာ လုံးဝကို ချွီချန်ရဲ့အကြမ်းပတမ်းပိတ်ဆို့ခြင်းခံထားရပြီး သူ့ခဗျာ မထနိုင်ရုံသာမက သေလုနီးပါး အသက်ရှူကြပ်လုနီးပါးပင် ဖြစ်သွားရ၏။ သူ့ခန္ဓာကိုယ်ကိုလည်း ထူးဆန်းတဲ့အနေအထားနဲ့ အကွေးခံထားရရှာသည်။ အချိန်အတော်ကြာသည်အထိ သူ မလွတ်မြောက်နိုင်တာကြောင့် ထိုလူရမ်းကားကောင်ကို ရိုက်ပစ်ဖို့သူ့လက်ကို ဆန့်ထုတ်ရုံသာတတ်နိုင်လေသည်။
ထိုအချိန်မှာ အခန်းတံခါးက " ကလစ် " ဟူသောအသံနဲ့အတူ ပွင့်လာခဲ့တာကြောင့် ရုတ်တရက်ဆိုသလို နှစ်ယောက်သား တောင့်တင်းသွားရသည်။ သူတို့ရဲ့ခေါင်းတွေက ခပ်ပြင်းပြင်း အထုခံလိုက်ရသလိုပဲ။ သူတို့ရဲ့ ဒီအနေအထားကြီးကို wowo လည်း မြင်ရော သူက ပြေးဝင်လာပြီး ချွီချန်ရဲ့ဘောင်းဘီကိုဆွဲကာ ပြောတော့၏။
" လူတွေကိုရိုက်တဲ့သူက လူဆိုးလို့ ပါးပါးကပြောတယ်...ချန်ချန်က လူဆိုးကြီး! ပါးကို ရိုက်မလို့ ပါးဘောင်ဘီကို ချွတ်နေတယ်! တော်ပြီ..ချန်ချန်ကို ထပ်ပြီးတော့ ခေါ်တော့ဘူး!"
ချွီချန် : "..."
ရှုစစ်နျန်: " !!! "
ရှုစစ်နျန် သည်းမခံနိုင်တော့တာကြောင့် လူရမ်းကားကောင်ကို ကန်ထည့်ပစ်လိုက်ပြီး သူ့သားလေးရဲ့မျက်လုံးတွေကို ကာလိုက်ပြီး မီးဖိုချောင်အပြင်ဘက်သို့ ခေါ်ထွက်သွားတော့သည်။ ချွီချန်ကတော့ သူ့ရဲ့နိုးထနေတဲ့ ငှက်ကြီးကို ဖုန်းကွယ်ပြီး မျက်ရည်မကျဘဲ ငိုပစ်ချင်လှသည်။
YOU ARE READING
တန်ပြန် ( MM Translation) UNICODE
Romanceမျက်နှာ နှစ်ဖက်ရှိတဲ့ ခွေးမတစ်ကောင်နဲ့ အချစ်ပြိုင်ဘက်ဖြစ်ရတာက ကြောက်စရာ မကောင်းပါဘူး။ ကြောက်စရာကောင်းတာက အဲ့ခွေးမက သူ့ညီငယ်လေး အဖြစ် လူဝင်စား ဖြစ်နေတာပဲ ။ အဲ့ဒီ 'ညီငယ်လေး ' ဆိုသူကြောင့်ပဲ ချစ်သူကို ဆုံးရှုံးရတယ်။ အဖိုးကလည်း ကြောက်စရာ အသေဆိုးနဲ့ ကြုံ...