Ep 2 [ Zawgyi]

2.4K 44 0
                                    

ကုန်နေတဲ့ ပစ္စည်းအချို့ကို တွန်းလှည်းလေးနဲ့ လိုက်ထည့်ပြီးစီ​နေတုန်း ဆိုင်ထဲကို ဝင်လာတဲ့ လူတစ်ယောက်ကြောင့် သျှင်းလန့်သွားရသည်၊ လန့်လည်းလန့်ချင်စရာ၊ ထိုလူက mask အမည်းကြီးတပ်ကာ လျှာထိုးဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားသည်။ ဝတ်ထားတာကလည်း တစ်ကိုယ်လုံး နက်​စွေးလျက်၊ အရပ်ကြီးကလည်း အရှည်ကြီးနဲ့ ဆိုင်ထဲကို ဟိုဟို ဒီဒီလိုက်ကြည့်နေပုံက သံသယဝင်ချင်စရာ။

မန်နေဂျာ အမကလည်း အိမ်သာခနဆိုပြီး ထွက်သွားတာမို့ အခုဆိုင်​ရှေ့မှာ သူတစ်ယောက်ထဲ၊ ဒီ market လေးက အဆောက်အအုံတစ်ခုရဲ့ မြေညီထပ်လေးမှာ ဆိုင်ခွဲအနေနဲ့ ဖွင့်ထားတာမို့ ဝန်ထမ်းက သျှင်းနဲ့ မန်နေဂျာအမအပြင်မရှိ။ ညနေဘက်ကျမှ အချိန်ပိုင်းလုပ်တဲ့ကောင်လေး ရောက်လာပြီး သျှင်းနဲ့ Duty လဲသည်။

လက်ထဲမှာ ကိုင်ထားတဲ့ တံမြက်စည်းကို ကြမ်းတိုက်နေသလိုနဲ့ ယူပြီး ထိုဧည့်သည်နား သွားလိုက်သည်၊၊

'' ဧည့်သည် ဘာများအလိုရှိပါသလဲ ခင်ဗျ ကျွန်တော်ဘာကူရှာ ပေးရမလဲ ''

သျှင်းကို တချက်တောင်လှည့်မကြည့်ပဲ စီးကရက်ဘူးတွေကိုသာ သေချာရွေးနေတာမို့ စိတ်ထဲ ကသိကအောက်ဖြစ်သွားရသည်။ ဒါပေမဲ့လည်း တချို့ customer တွေက သူတို့ဈေးဝယ်နေတုန်း လိုက်ကြည့်၊ လိုက်မေးတာ မကြိုက်ကြသည်မို့ ဘေးနားမှာပဲ ကြမ်းတိုက်နေလိုက်သည်။ အခုထိ အန္တာရာယ် မပြုသေးပုံထောက်ရင် သျှင်းထင်နေသလို လူဆိုးမဟုတ်လောက်။ တခုခုဆို သံသယလွန်ကဲတတ်တဲ့ ကိုယ့်ကိုကိုယ် ဆင်ခြင်ရဦးမည်။

'' အယ် ခင်များ နေ နေ ဦးလေ ပိုက်ဆံမရှင်းရသေးဘူးမလား ''

စီးကရက်တစ်ဘူးဆွဲယူသွားကာ ဆိုင်ထဲက ထွက်မလို့ ပြင်နေတဲ့ ထိုလူကြောင့် ပြေးလိုက်ကာ လက်မောင်းကနေဆွဲထားလိုက်သည်။

Mask တပ်ထားတာတောင်မှ စူးရှတဲ့ အကြည့်တွေနဲ့ မျက်ခုံးတွေ တွန့်ချိုးကာ ကြည့်လာတဲ့သူကြောင့် သျှင်းကိုယ်လေး တစ်ချက်တော့တုန်သွားရသည်။ မျက်ခုံးနက်နက်တွေက တစ်ခုနဲ့တစ်ခုထိစပ်နေကာ သျှင်းကို အခုပဲ သတ်ပစ်တော့မလိုဟန်နဲ့။ ဒါပေမဲ့ ကိုယ့်ဘက်က မမှားတာကြောင့် သျှင်းလက်နှစ်ဆလောက်ရှိတဲ့ လက်မောင်းကြီးကို ဆက်ဆွဲထားလိုက်သည်။

Force of LovityWhere stories live. Discover now