Part 11 [ Zawgyi]

1.4K 42 0
                                    

သျှင်းမျက်စိရှေ့မှာ တွေ့နေရတဲ့ကောင်လေးကို ကြည့်ရင်းဘာပြောရမှန်းမသိ။ ဒီကောင်လေးက သူ့နာမည်ကိုဘယ်လိုလုပ်သိသွားတာလဲ။

'' သိုင်းမြတ်မ​ဟော် ''

'' အင်း ကျုပ်နာမည် သိုင်းမြတ်မဟော် ''

'' အော် အင်းအင်း ငါသွားစရာလေးရှိသေးလို့ နောက်မှတွေ့မယ်နော် ''

ထူးဆန်းလာတဲ့ အနေအထားကြောင့် သျှင်းရုန်းထွက်ဖို့ကြိုးစားလိုက်သည်။ အိမ်ပြန်ပြီး လိုအပ်တာယူရဦးမည်။ သို့သော် သျှင်းခြေလှမ်းစလှမ်းချိန်မှာပဲ သိုင်းမြတ်မဟော်က သျှင်းလက်မောင်းတဖက်ကိုလှမ်းဆွဲလိုက်သည်။

'' ဒါကဘယ်လဲ ''

'' ဟို ငါအိမ်ပြန်မလို့ အာ့ နာတယ် မင်းလက်ကိုလွှတ်​ပေးဦး
သိုင်းမြတ်မဟော် ''

သူ့လက်ဖဝါးကြီးတွေနဲ့ဆုပ်ကိုင်ထားသော သျှင်းလက်မောင်းကအောင့်မြတ်လာတာကြောင့် အမြန်ဖယ်ခိုင်းလိုက်ရသည်။ ဒီကောင်လေးက လုပ်လိုက်ရင် အမြဲအကြမ်းပတမ်း။

'' ကျုပ်လိုက်ပို့မယ် ''

'' အာ ရပါတယ် ငါ့ဟာငါသွား ''

'' မရှည်နဲ့ ကျုပ်လိုက်ပို့မယ်လို့ပြောထားတယ်လေ ''

သျှင်းလက်ကောက်ဝတ်တဖက်ကိုဆွဲကာ ထွက်သွားတဲ့သူကြောင့် သျှင်းမှာ မှီအောင်အမြန်လိုက်ရသည်။ ကားပါကင်ဝင်းရောက်တော့မှ သူကိုင်ထားတဲ့ သျှင်းလက်ကိုလွှတ်ပေးတော့သည်။ လက်မောင်းနာတာမှမကြာသေး၊ လက်ကောက်ဝတ်ပါထပ်ထိသွားပြန်ပြီ။

'' မင်း ညင်ညင်သာသာလုပ်လို့မရဘူးလား ငါနာတယ် ''

ဘာမှပြန်မပြောပဲ စုကြုံ့ထားတဲ့မျက်ခုံးတွေနဲ့ သျှင်းကိုကြည့်ပြီး ကားတံခါးဆွဲဖွင့်ပေးလာသည်။ သျှင်းလည်းဘာမှမပြောတော့ပဲ ခပ်တည်တည်ပဲ တတ်ထိုင်လိုက်တော့၏ ။ ပို့ပေါ့၊ သူပို့တော့ ပိုက်ဆံကုန်တောင် သက်သာသေးတယ်။

သျှင်းကိုဘာမှမမေးပဲ ဆက်မောင်းနေတာကြောင့် မနေနိုင်ပဲမေးလိုက်မိသည်။

'' မင်း ငါ့အိမ်ကိုသိလို့လား ''

'' မသိဘူး ''

Force of LovityWhere stories live. Discover now