EXTRA- 5 [ Unicode ]

3.4K 245 16
                                    

'' ဟင့် ထုပ်ကို ပေး ''

'' မပေးဘူး ၊ ဒါငါ့ဟာလေ! ''

'' အီးဟီး အင့် ''

ကိုရယ်မြူးသာတို့ကို ဧည့်ခံဖို့အတွက် မီးဖိုခန်းထဲဝင်ပြီး စားစရာပြင်နေရာမှ ကလေး ငိုသံကိုကြားလိုက်ရတာကြောင့် လုပ်လက်စတွေကို ပစ်ချကာ သျှင်းအပြင်ကို ပြေးထွက်ခဲ့ရသည်။ အိမ်သာထဲက ကမန်းကတန်းထွက်လာဟန်တူသော ကိုရယ်မြူးသာကလည်း ဧည့်ခန်းထဲပြေးဝင်လာသည်။

'' အယ် ထုပ်ထုပ် ဘာလို့ငိုတာလဲသား ၊ ကိုကို့ကို မဆိုးပါနဲ့ဆိုတာကိုကွာ ''

ကိုရယ်မြူးသာလက်ထဲပါသွားတဲ့ ကလေးလေးက အော်ကြီးဟစ်ကျယ်နဲ့ငိုနေတာကြောင့် သျှင်းသနားကရုဏာသက်စွာလှမ်းကြည့်လိုက်သည်။ ကလေးလေး မောနေရော့မယ်။

ထို့နောက် အကျိုးအကြောင်း သိရအောင် ကုပ်ကုပ်လေးထိုင်နေသော လင်းမြတ်လေးနားသွားလိုက်တော့ သျှင်းကို အရည်လဲ့နေသောမျက်လုံးလေးတွေနဲ့ မော့ကြည့်လာသည်။

'' ဘာဖြစ်လို့လဲ လင်းမြတ်လေး ''

'' ဟင့် သူက သားရဲ့ Teddy Bear ရုပ်ကိုဆွဲလုတာ၊ သားမှမပေးချင်တာ အင့် ''

ပြောရင်းနဲ့ မျက်ရည်တွေကျလာသော လင်းမြတ်လေးကြောင့် သျှင်းကပြာကယာနဲ့ ကိုယ်လုံးသေးသေးလေးကိုဆွဲယူကာ ပေါင်ပေါ်တင်ပြီး ချော့ရသည်။ လက်ထဲက အရုပ်ကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သျှင်းရင်ခွင်ထဲ တိုးဝင်လာသော လင်းမြတ်လေး။ ကလေးနှစ်ယောက်လုံးက ငိုနေကြတော့ လူကြီးတွေပါ ရင်ထဲမကောင်း။

'' မငိုပါနဲ့ လင်းမြတ်လေးရယ်၊ ညီလေးက ကလေးလေးပဲရှိသေးတော့ မသိလို့ လုမိတာပါ၊ သားက အကြီးဆိုတော့ ကောင်းကောင်းချော့ပြီး ပြောပြရမယ်လေနော် ''

'' ဟင့် ဒါမဲ့ သားမှ ဒီအရုပ်ကို မပေးချင်တာ ''

Mr.Bean ကားသိပ်ကြိုက်ပြီး ထိုထဲက Teddy Bear ရုပ်လေးကို အရမ်းသဘောကျသော လင်းမြတ်လေးကြောင့် မောင်ကမွေးနေ့လက်ဆောင်အဖြစ် ဝယ်ပေးထားတာဖြစ်သည်။ မွေးနေ့လက်ဆောင်တစ်ဖြစ်လဲ သူသဘောကျတဲ့ အရုပ်ကလေးကို မပေးချင်တဲ့ လင်းမြတ်လေးစိတ်ကို နားလည်တာကြောင့် သျှင်းထွေးဖက်လိုက်သည်။

Force of LovityWhere stories live. Discover now