Part 9 [ Unicode ]

4.2K 324 2
                                    

ခြေကျင်းဝတ်ကို ပလာစတာကပ်ပြီးချိန်မှာပဲ ဆိုင်ထဲကို ကောင်လေးနှစ်ယောက်ဝင်လာသည်။

'' သူဌေးတို့ရောက်ပြီလား ''

စောနက သျှင်းတို့ကိုမုန့်လာချပေးတဲ့ ဝန်ထမ်းကောင်လေးက ဝင်လာတဲ့နှစ်ယောက်ကိုနှုတ်ဆက်လိုက်တာမို့ သျှင်းတို့ပါ ထလိုက်ကြသည်။ သျှင်းအပါအဝင် အင်တာဗျူးဖြေဖို့က ၁၅ယောက်လောက်ရှိသည်။ အကုန်လုံးက ငယ်ရွယ်ပြီး သွက်လက်ကြတဲ့ကောင်လေးတွေမို့ သျှင်းအလုပ်ရပါ့မလားဆိုပြီး ပူပန်လာရသည်။

'' မင်္ဂလာပါခင်ဗျာ ကျွန်တော့်နာမည် ဉာဏ်လင်းဟန် ပါ
ဒီဘက်က ကိုရယ်မြူးသာ ပါ ကျွန်တော်တို့သူငယ်ချင်းနှစ့်ယောက်ပေါင်းပြီး ဒီဆိုင်ကိုဖွင့်ထားတာပါ အခုလိုစိတ်ဝင်တစားနဲ့ လာပြီးလျှောက်ပေးကြလို့ ကျေးဇူးတင်ပါတယ်ဗျ ''

'' မင်္ဂလာပါ ''

သျှင်းတို့အကုန်လုံး ပြန်နှုတ်ဆက်လိုက်ကြသည်။ ရယ်မြူးသာဆိုတဲ့ကောင်လေးကို ရင်းနှီးနေပြီး နာမည်လည်းကြားဖူးသလိုဖြစ်နေတာကြောင့် သျှင်းဦးနှောက်ကိုအလုပ်ပေးရသည်။

အာ.. မနေ့က TV ထဲမှာ အလင်းပြောပြတဲ့ကောင်လေး။ အဲ့ဒါဆို ဒီကောင်လေးက ခက်ထည်မာန်ဝင့် ရဲ့ချစ်သူပေါ့။ မနေ့ကပဲ TV ထဲတွေ့လိုက်ရပြီး ဒီနေ့ အပြင်မှာတွေ့ရတော့သျှင်းအံ့သြနေမိသည်။ ဘယ်လိုတောင်တိုက်ဆိုင်ရတာလဲ။

'' အဲ့ဒါဆို ကျွန်တော်တို့ တစ်ယောက်ကို ၁၅မိနစ်စီ အင်တာဗျူးပါမယ်နော် ဖုန်းဆက်ပြီး confirm တုန်းက ပေးခဲ့တဲ့ code နံပါတ်တွေအတိုင်း အစဉ်လိုက်ခေါ်ပါမယ် ''

်ရယ်မြူးသာဆိုတဲ့ကောင်လေးက ပြောသွားကာ သူဌေးနှစ်ယောက်လုံး အထဲအရင်ဝင်သွားကြသည်။ သျှင်း code နံပါတ်က S-8 မလို့ နည်းနည်းတော့စောင့်ရဦးမည်ထင်သည်။

'' P-7 ရှိလား P-7? ''

'' ရှိပါတယ် ခင်ဗျ ဒီမှာပါ ''

'' ကိုပြည့်ဖြိုးနိုင် နော် ''

'' ဟုတ်ကဲ့ ''

'' ဝင်သွားလို့ရပါပြီ နောက် S-8 ကအသင့်ပြင်ထားပါနော် ''

တစ်နာရီကျော်လောက်စောင့်အပြီးမှတော့ သျှင်းရှေ့က Code နံပါတ်ကိုခေါ်သွားပြီဖြစ်တာကြောင့် ကိုယ့်ကိုကိုယ်အသင့်ပြင်ရသည်။ အသက်ကိုမှန်မှန်ရှူထုတ်ပြီး စိတ်ကိုငြိမ်ငြိမ်ထားရသည်။ Interview တွေခနခန ဖြေဖူးပေမဲ့ ဖြေတိုင်းလည်း သျှင်းရင်တုန်ရမြဲ။

Force of LovityWhere stories live. Discover now