Part 38 [ Unicode] 🚨

5.5K 283 61
                                    

'' အင့် မောင် ၊ ငါအရမ်းပူတယ် ''

'' အင်း မောင်သိတယ် ၊ ခနလေး ။ ကျစ် ''

သေနတ်မှန်ထားသည့် လက်မောင်းကို ပက်တီးဖြင့်ခပ်တင်းတင်းစည်းလိုက်ပြီး မဟော်ကားကို အရှိန်ဖြင့်မောင်းထွက်ခဲ့လိုက်သည်။ အနောက်မှာ ဘယ်လိုတွေကျန်ရစ်ခဲ့သည်ကို မဟော်စိတ်မပူနိုင်တော့။ အခုချိန် သူ့အာရုံအလုံးစုံက ဘေးထိုင်ခုံမှာ လူးလိမ့်နေသည့်လူဆီမှာ ကျရောက်နေ၏ ။

တစ်ကိုယ်လုံးရဲတွတ်နေကာ မျက်နှာနုနုက ဝေဒနာတစ်ခုကို သည်းခံနေရသည့်ပုံ ။ သေချာပေါက် ဆေးခပ်ခံလိုက်ရသည့် လက္ခဏာတွေမို့ ဦးရာဇမဟော်ကိုရော ၊ အောင်မြင်ကိုပါ ကျိန်ဆဲလိုက်သည်။

'' အင့် ''

မဟော့်လက်တစ်ဖက်ကိုဆွဲယူကာ သူ့မျက်နှာဆီကပ်လိုက်သည်ကြောင့် ဘေးကိုလှည့်ကြည့်လိုက်သည်။ လက်ဖျံကိုထိကပ်နေသည့်မျက်နှာ နုထွေးထွေးက မီးကျီခဲကဲ့သို့ ရဲရဲတောက်ပူနေတာကို ခံစားလိုက်ရ၏ ။

ဒီတိုင်းဆက်ထားရင် တစ်ခုခုဖြစ်သွားမည်စိုးတာကြောင့် မဟော်လူရှင်းတဲ့နေရာ လမ်းဘေးမှာ ကားကိုထိုးရပ်လိုက်သည်။ ကားရပ်ရပ်လိုက်ချင်းမှာပင် ကားတံခါးဖွင့်ကာ အတင်းဆင်းဖို့ပြင်နေသူကို မဟော်ခါးကနေ လှမ်းဆွဲထားရသည်။

'' သျှင်းစက်တည်၊ သတိကပ်စမ်း မောင်ပြောတာနားထောင်ဦး ''

'' ဟင့် ပူတယ်လို့ ဟာ့ ''

ခါးကိုလှမ်းဆွဲလိုက်တာကြောင့် ကားပေါ်ကဆင်းဖို့ကို အာရုံမရတော့ပဲ မဟော့်ကိုယ်ပေါ်ကို ကုပ်ကပ်တတ်လာသည်။ ရီဝေဝေမျက်လုံးတွေနဲ့ ကြည့်လာတော့ မဟော်အံကြိတ်လိုက်ကာ လက်ထဲကခါးသွယ်သွယ်ကို ဖျစ်ညှစ်လိုက်မိသည်။

'' နေရခက်နေတာမလား ၊ မောင်ကူညီပေးမယ် ''

'' အွန့် ''

ခပ်ရဲရဲ ဖြစ်နေတဲ့ နှုတ်ခမ်းပါးလေးကို သိမ်းပိုက်လိုက်တော့ သျှင်းစက်တည်ရဲ့ လက်ကလေးတွေက မဟော့်လည်ပင်းကို သိုင်းဖက်လာသည်။ မဟော် လက်တွေကို အောက်လျှောလိုက်ကာ ဝါဂွမ်းအိအိလေးနှစ်စုံကို ဆုပ်ကိုင်လိုက်မိတော့ ကြက်သီးတဖြန်းဖြန်းထသွားရသည်။ ဒါလေးတွေက ဘယ်လိုတောင်နူးညံ့နေရတာလဲ ။

Force of LovityWhere stories live. Discover now