Part 21 [ Unicode ]

4.1K 279 23
                                    

'' တောက်! ဒီကောင်ကွာ! ''

'' စိတ်ထိန်းပါရှင်၊ မြေးကအကြောင်းအရင်းမရှိပဲ ဒီလိုမလုပ်လောက်ပါဘူး ''

'' ဟ၊ အကြောင်းအရင်းရှိရှိ မရှိရှိ လူမြင်ကွင်း ဆေးရုံမှာ ဒီလောက်ထိလုပ်စရာလား၊ အခုကြည့်စမ်း internet တစ်ခုလုံး ပျံ့နေပြီ၊ ဘယ်မှာလဲ HOR မိသားစုရဲ့ ဂုဏ်သိက္ခာ ''

'' ဒါကတော့ရှင် ''

'' မင်းတော်လိုက်တော့၊ ဒီကောင်ဒီနေ့ အိမ်ပြန်လာမှာမလား၊ ငါနဲ့တွေ့မယ် ''

ဒေါသတကြီးဖြစ်နေတဲ့ ခင်ပွန်းဖြစ်သူကိုကြည့်ရင်း ဒေါ်ရွှေစည်းအိမ် သက်ပြင်းချလိုက်သည်။ သူ့မှာလည်း ဒေါသကြီးတဲ့ခင်ပွန်း၊ ပြန်မပြော နားမထောင်တဲ့သား၊ တဇွတ်ထိုးလုပ်တတ်တဲ့မြေးနဲ့ ကြာရင်လုံးပါး, ပါးတော့မည်။ အခုလည်း မြေးက မဆင်မခြင် လူမြင်ကွင်းမှာ ဆရာဝန်တစ်ယောက်ကို ထိုးကြိတ်ခဲ့သည်တဲ့။ ဟိုဘက်ကမလွန်ပဲနဲ့ မြေးကလက်ပါမည့်သူမျိုးမဟုတ်တာတော့ သူမယုံပါသည်။ ဒါပေမဲ့ လူတွေက ထိုဆရာဝန်လွန်တာကို သိတာမှမဟုတ်တာ၊ အထိုးခံလိုက်ရတာပဲ မြင်ကြမည်။ ခနနေ မြေးပြန်လာရင် မြေးအဘိုးနှစ်ယောက် ရန်ဖြစ်ကြဦးမည်ကိုတွေးရင်း ဒေါ်ရွှေစည်းအိမ် ကြိုပြီး စိတ်မောလာရသည်။

'' ဘိုးရေ ဘိုး ''

ဝင်လာတဲ့ ကလေးကိုကြည့်ရင်း ဒေါ်ရွှေစည်းအိမ် မျက်နှာမဲ့လိုက်သည်။ သူမခင်ပွန်းကလည်း ဒီကလေးကျမှ ဘာလို့ဒီလောက်ချစ်နေရတယ်မသိ။

'' မြေးလေး လာပါဦး ဘိုးဆီကို ''

မူကြိုကျောင်းကပြန်လာတဲ့ လင်းမြတ်မဟော်လေးက သူ့လွယ်အိတ်ကို ကလေးထိန်းဆီပေးလိုက်ပြီး အဘိုးဖြစ်သူအပေါ်တတ်ထိုင်လိုက်သည်။ မြေးဖြစ်သူရဲ့ ငိုထားပုံရတဲ့ မျက်နှာလေးကိုကြည့်ရင်း ဦးရာဇမဟော် ဒေါသထွက်လာရသည်။

'' မြေး ငိုထားတာလား ၊ ဘိုးကိုပြောစမ်း ငါ့မြေးကိုငိုအောင်ဘယ်သူလုပ်တာလဲ! ''

'' ဘိုး ဟင့် ''

'' ပြော မြေးလေး''

'' ဒီနေ့လေ ဆရာမ သားတို့ကို အဖေနာမည်တွေနဲ့ လူစစ်တာ ''

Force of LovityWhere stories live. Discover now