Part 4 [ Unicode ]

4.5K 351 0
                                    

သိုင်းမြတ်မဟော် ဝင်လာတာနဲ့ ကားပြိုင်ကွင်းထဲကလူတွေ အားလုံးက တိုင်ပင်ထားသလို အကြည့်တွေက ထိုသူ့အပေါ်ကျရောက်လာသည်။ ၆ပေနီးပါး အရပ်ကြီးကိုမှ ကျယ်ပြန်တဲ့ ပုခုံးပြင်နဲ့အတူ ခန္ဓာကိုယ် တောင့်တောင့်တင်းတင်းက လိုက်ဖက်နေသည်။ အသားအရေက ဝါပြီး လတ်နေကာ ခြုံပြောရရင် သိုင်းမြတ်မဟော် ဆိုတာ ကြည့်ကောင်းလွန်းလှသည်။ Hair Style ကို အတည်တကျ ထားလေ့မရှိသောကြောင့် ဒီတစ်ခေါက်တော့ Mullet Hair နဲ့ ဖြစ်နေသည်။

လူတွေကြည့်နေတာကို အာရုံမစိုက်စွာနဲ့ နေမင်းနဲ့ ထည်ဝါတို့ရှိတဲ့ဘက်ကိုလျှောက်လာခဲ့သည်။ မိုးတိမ်တို့ အုပ်စုကလည်း ရောက်နေပြီ ဖြစ်ပြီး မဟော့်ကို လှမ်းကြည့်နေတဲ့မျက်လုံးတွေက စိန်ခေါ်မှု အပြည့်နှင့်။ အဟက် ခနနေကျရင် အဲ့လို မျက်လုံးတွေနဲ့ ထပ်မကြည့်ရဲအောင် ငါလုပ်ပေးမယ် မိုးတိမ်။

'' အဟား ငါ့ကောင်ကြီး ဒီနေ့ လန်းနေပါလားကွ ''

နေမင်းက မဟော့်ပုခုံးကို ဖက်ကာပြောလိုက်တော့ မဟော်နှုတ်ခမ်းတွန့်ရုံ ရယ်လိုက်သည်။

'' ငါက ဘယ်တုန်းက မလန်းလို့လဲ ''

'' ဟားဟား အေးပါကွာ မင်းခေတ်ဆိုတော့လည်း ''

မင်းထည်ဝါကတော့ သူတို့နှစ်ယောက်ကို ကြည့်ရင်း ဘာမှမပြောချင်သလိုနဲ့ရယ်နေသည်။ ပြိုင်ပွဲမစသေးခင် ကိုယ့်ကားကို သေချာစစ်ရသည်။ တချို့ကောင်တွေကယုတ်ပြီး ကားကိုတခုခုလုပ်ထားတတ်တာကြောင့် မစစ်မဖြစ်စစ်ရသည်။ ထည်ဝါက ပြိုင်ရမဲ့ မဟော်နဲ့ နေမင်းကို လိုအပ်တဲ့ safety ပစ္စည်းတွေ ဝတ်ပေးနေသည်။

မဟော် ဟိုကြည့် ဒီကြည့်နဲ့ တစ်နေရာအရောက် မျက်ခုံးတို့က စုကြုံ့သွားသည်။ တစ်ခါတွေ့တာနဲ့ အသေးစိတ်ကအစ မှတ်မိနေတတ်တဲ့ ဦးနှောက်ကြောင့် ကြည့်လိုက်တာနဲ့ ဘယ်သူဆိုတာ တန်းမှတ်မိသွားသည်။ ဒီကားပြိုင်ကွင်းတံဆိပ်ပါတဲ့ ဝတ်စုံကို ဝတ်ထားတာကြောင့် ဒီကဝန်ထမ်းဖြစ်ဟန်တူသည်။ နေပါဦး ဒီလူ့မှာ အလုပ်ဘယ်နှစ်ခုတောင်ရှိတာလဲ။

'' ဟေ့ကောင် ''

အနောက်ကနေ ခေါ်သံကြားတော့လှည့်ကြည့်လိုက်သည်။ မိုးတိမ်ဆိုတဲ့ ကောင်က ဘောင်းဘီအိတ်ကပ်ထဲ လက်နှစ်ဖက်ထည့်ထားကာ ပုံပန်းမကျစွာနဲ့ လျှောက်လာနေသည်။ အနောက်ကနေလည်း လူမိုက်လိုလို ကောင်တွေက ကပ်ပါလာသည်။

Force of LovityWhere stories live. Discover now