Part 37 [ Unicode ]

4.1K 269 34
                                    

'' ရောက်ပြီ ၊ အကိုသျှင်းစက် ''

ချောင်ကျကျ ဝင်းထဲကို ကားရပ်လိုက်ချိန်မှာတော့ သျှင်းစိတ်ထဲ ထင့်ခနဲ ဖြစ်သွားပေမဲ့ မသိသာအောင်ထိန်းထားလိုက်သည်။ ငွေလွှာဝင့်ထက်ကို အထင်သေးသလို ဖြစ်သွားမှာစိုးတာကြောင့် အတွေးမများသင့်ဟု ကိုယ့်ကိုကိုယ် ပြန်ပြောရသည်။ သူမက သိုင်းမြတ်မဟော်နဲ့ စေ့စပ်ထားတာကြောင့် အခုလူကြားထဲအပြောများနေပြီး လူများတဲ့နေရာတွေကို ရှောင်ချင်လို့ဖြစ်မှာပါ ။

ကားပေါ်ကဆင်းလိုက်တဲ့အချိန် လေပြည်အေးတစ်ဝှေ့က သျှင်းဆံပင်တွေနောက်လှန်သွားသည်အထိ ကြိုဆိုလိုက်သည်။ လက်မောင်းနှစ်ဖက်ကို လက်ဝါးတွေနဲ့အသာပွတ်ချေလိုက်ရင်း ကားတစ်ဖက်ကငွေလွှာဝင့်ထက်ကို လှမ်းကြည့်လိုက်တော့ သူမသည်လည်း ဖွာလန်ကြဲသွားသော ဆံပင်တွေကို ပြန်ပြင်ရင်းနဲ့အလုပ်ရှုပ်နေ၏ ။

ထို့နေုာက် သျှင်းကိုကြည့်ပြီး တချက်လှမ်းပြုံးပြကာ

'' အထဲမှာ အကိုသျှင်းစက်နဲ့ တွေ့ချင်တဲ့သူ စောင့်နေပါတယ် ''

'' ဟင် ၊ ညီမနဲ့ပြောရမှာ မဟုတ်ဘူးလား ''

သျှင်းပြောလိုက်တော့ ငွေလွှာဝင့်ထက်ရဲ့ မျက်နှာက တစ်မျိူးဖြစ်သွားသည်။

'' အထဲကိုဝင်သွားကြည့်လိုက်ပါ ၊ အကိုသိတဲ့သူပါပဲ ''

ငွေလွှာဝင့်ထက်ကပြောပြီး အိမ်ထဲဝင်သွားသည်။ ရောက်လာပြီးမှတော့ မထူးတော့ပါဘူးလို့ သျှင်းစိတ်ဆုံးဖြတ်လိုက်ပြီး ငွေလွှာဝင့်ထက်နောက်ကို လိုက်လာလိုက်သည်။ ကိုယ်သိတဲ့သူဆိုတော့ ဖြစ်နိုင်တဲ့သူများကိုလည်း စိတ်ထဲရေတွက်နေမိ၏ ။

အထဲရောက်တော့ အနက်ရောင်ဝတ်စုံနဲ့ လူငါးယောက်က သျှင်းတို့ကိုကြည့်လာသည်။ ငွေလွှာဝင့်ထက်က ထိပ်ဆုံးလူရဲ့ အနားကပ်ပြီး တစ်ခုခုပြောလိုက်မှ ထိုလူက သျှင်းကို တချက်ကြည့်လာပြီး နေရာဖယ်ပေးလာသည်။

'' ဒီအခန်းထဲပဲ အကိုသျှင်းစက် ၊ ဝင်သွားလို့ရပြီ ၊ ညီမအပြင်ကနေ စောင့်နေမယ်နော် ''

သျှင်းခေါင်းငြိမ့်ပြလိုက်ကာ အခန်းတံခါးကို ဖွင့်ပြီး အသာဝင်လာခဲ့သည်။

Force of LovityWhere stories live. Discover now