Part 15 [ Unicode ]

4.3K 319 4
                                    

ခေါင်းထဲမှာ စူးခနဲထိုးကိုက်လာတာကြောင့် သျှင်းအိပ်နေရာမှ လန့်နိုးလာရသည်။ ကိုက်ခဲနေတဲ့ နားထင်ကို လက်တဖက် နဲ့အသာဖိကာ အိပ်နေရာမှ ထထိုင်လိုက်သည်။ အိစက်စက်မွေ့ယာရဲ့ အထိအတွေ့ကြောင့် လန့်သွားရသည်။ သူဘယ်ကိုရောက်နေတာလဲ။

အိပ်ခန်းအပြင်အဆင်က ခမ်းနားလွန်းကာ နေရာတိုင်းမှာ အဖြူနဲ့အနက်ရောင်သာသုံးထားသည်။ မဟုတ်မှ မနေ့ကလူကြီးရဲ့အိမ်ရောက်သွားတာများလား။ ကိုမြတ်စိုး အကူအညီနဲ့ အရင်သျှင်းလုပ်ခဲ့သော အလုပ်ပြန်ရခဲ့သည်။ ကလပ်မှာ အဖျော်ယမကာတွေလိုက်ချပေးရကာ customer တွေကို ပြုစုပေးရတာဖြစ်သည်။ sex ကိစ္စကလွဲပီး နှိပ်ပေးတာ၊ သူတို့ပြောတာ နားထောင်တာ အကုန်လုပ်ပေးရသည်။ သျှင်းတို့အကုန်လုံးက မျက်နှာဖုံးတွေတပ်ထားရတာကြောင့် ဘယ်သူဘယ်ဝါဆိုတာ ခွဲဖို့ခက်သည်။ အလုပ်ချိန် တချိူ့ customer တွေက sex အကြောင်းစလာလို့ သျှင်းငြင်းလိုက်တာနဲ့ ချက်ချင်းရပ်သွားတဲ့လူတွေရှိသလို မရမက ရှေ့ဆက်တိုးတဲ့သူတွေလည်းရှိသည်။

ထိုကိစ္စမျိုးဖြစ်လာရင် မန်နေဂျာ ကိုမြတ်စိုးနဲ့လွှဲပေးလိုက်ရသည်။ ထိုအလုပ်က လူပင်ပန်း၊ စိတ်ပင်ပန်းရပေမဲ့ ငွေအတော်ရတာကြောင့် သျှင်းစိတ်မပြတ်ပဲဆက်လုပ်ခဲ့၏ ။ သို့သော် အဖြစ်အပျက်တစ်ခုဖြစ်ပျက်ပြီးသည့်နောက်မှာတော့ ..... ထိုအလုပ်ကိုရော၊ ထိုလူတွေကိုပါ ထာဝရကျောခိုင်းပစ်ခဲ့သည်။

အတွေးတွေနဲ့ နစ်မြောကာ အိပ်ရာပေါ် ထိုင်နေမိတုန်း အနားမှာလာရပ်တဲ့လူရိပ်တစ်ခုကြောင့် သျှင်းမော့ကြည့်လိုက်သည်။

'' နိုးပြီလား ''

'' သိုင်းမြတ်မဟော်? မင်းကဘယ်လိုလုပ်ပြီး! ''

သိုင်းမြတ်မဟော်က အခုမှရေချိုးပီးခါစ ဖြစ်ဟန်တူပြီး ခါးမှာ တဘက်ပိုင်းတခုကို ခပ်လျော့လျော့ချည်ပတ်ထားသည်။ သူ့ဂုတ်ထိထောက်နေတဲ့ ဆံပင်ရှည်တွေဆီကနေ ရေတစက်စက်ကျနေကာ အဝတ်မပါတဲ့ အပေါ်ပိုင်းမှာ ကြွက်သားတွေက အထင်းသား။ ကျောပြင်ကျယ်ကြီးနဲ့လက်မောင်းကိုပတ်ထားတဲ့ နဂါးပုံ tattoo ။ ထိုမှတဆင့် သျှင်းအကြည့်တွေက အောက်ကိုဆင်းလာချိန်မှာတော့

Force of LovityWhere stories live. Discover now