Part 22 [ Unicode ]

4.2K 303 33
                                    

နိုးလာလာချင်း အရင်ဆုံးခံစားလိုက်ရသည်က သျှင်းတစ်ကိုယ်လုံး သိုင်းမြတ်မဟော်ရဲ့လက်မောင်းကြီးတွေကြားမှာ ပွေ့ဖက်ခံထားရတာဖြစ်သည်။ မနေ့ညက အိပ်တုန်းကတော့ သျှင်းသေချာ ကုတင်အစွန်နား တိုးကပ်အိပ်ခဲ့ပေမဲ့ ခုမနက်မှာတော့ ခေါင်းအုံးနေရာမှာ သိုင်းမြတ်မဟော်ရဲ့ လက်မောင်းကနေရာယူထားသည်။ကျန်တဲ့လက်တစ်ဖက်က ခါးကနေ သိမ်းကြုံးဖက်ထားတာကြောင့် ခါးတွေတောင်နာနေ၏ ။

'' အင့် ''

အသက်အောင့်ကာ ထိုလက်တွေကြားကနေ အနည်းငယ်ရုန်းကြည့်တော့ တုပ်တုပ်မျှမရွေ့။ သန်မာတွေလက်တွေက သံမဏိလိုသျှင်းခါးပေါ်မှာ ကျောက်ချထားသည်။ ငါးမိနစ်လောက်ရုန်းကြည့်အပြီးမရတော့တာကြောင့် အိပ်နေတဲ့လူကို နှိုးဖို့လုပ်ရတော့သည်။

'' သိုင်းမြတ်မဟော် ! သိုင်းမြတ်မဟော် ထဦး၊ ငါခါးတွေနာနေပြီ ''

လက်မောင်းကြီးကို တဖျတ်ဖျတ်ရိုက်လိုက်တော့လည်း သိုင်းမြတ်မဟော်က တစက်မှမလှုပ်လာ။ မနေနိုင်တော့သည့်အဆုံး မျက်စိရှေ့က ကြွက်သားအပြည့်နဲ့ ရင်ဘတ်ကြီးကို ကိုက်ချပစ်လိုက်၏ ။

'' အာ့ စူးလိုက်တာ ကျစ် ဘာလဲ ''

ထိုအခါမှ မျက်ခုံးတွေ တွန့်ချိုးလျက်နိုးလာသူကို သျှင်းမကျေမနပ်နဲ့ မော့ကြည့်လိုက်သည်။ အိပ်ရာနိုးစမို့ ရီဝေဝေဖြစ်နေတဲ့ စူးရှရှမျက်လုံးတွေက သျှင်းကို စိုက်ကြည့်နေပေမဲ့ ဒေါသရိပ်တွေတော့မပါ။

'' မင်းလက်ကြီး ဖယ်ဦးလို့၊ ငါထချင်ပြီ၊ တကယ်ပဲ ဘယ်ကထဲက လာဖက်ထားလည်းမသိဘူး အာ့ နာလိုက်တာ ကျွတ်ကျွတ် ''

သူ့ခါးပေါ်က မဟော့်လက်တွေကိုဖယ်လိုက်တော့ ခါးကိုဖိလျက် ညည်းညည်းညူညူဆိုလာတဲ့လူကြောင့် အမြန်ထထိုင်လိုက်ပြီး ထိုလူ့အိင်္ကျီစကိုလှန်ကြည့်လိုက်သည်။

'' ဟာ! ဘာလုပ်တာလဲ! ''

စူးခနဲ အော်လာတဲ့ အသံကို ဂရုမစိုက်ပဲ သူ့ခါးကိုသူ ကွယ်နေတဲ့ သျှင်းစက်တည်ရဲ့ လက်တွေကို လက်တစ်ဖက်ထဲနဲ့ချုပ်ကိုင်ထားလိုက်သည်။ ဖြူဖြူနုနုခါးပေါ်မှာ အထင်းသားပေါ်နေတဲ့ နီနီရဲရဲအရာကြီးကြောင့် မဟော်အလိုအကျဖြစ်သွားရသည်။

Force of LovityWhere stories live. Discover now